ညီညီ ကွယ်လွန်ခြင်း (၉)လပြည့်တဲ့နေ့လေးမှာ အမှတ်တရလေးနဲ့အတူ ရင်နင့်ကြွေကွဲစရာ စကားလေးကို ပြောလာခဲ့တဲ့ ကိုကို

//s9.kh1.co/9b/9b5979e590efa8f53415ad9112d1e07c481bf796.jpg
နေ့စဉ်သတင်းများ

 ၂၈-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

လူထုလှုပ်ရှားမှုမှာပါဝင်ရင် ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းလေး ညီညီအောင်ထက်နိုင်ကိုတော့ ပရိသတ်တွေ အမှတ်တရှိနေဦးမှာပါ။ ညီညီအောင်ထက်နိုင်ဟာ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ကျဆုံးသွားခဲ့တာ ဖြစ်ပြီး ယနေ့ နိုဝင်ဘာ(၂၈) ရက်နေ့မှာတော့ ကွယ်လွန်ခြင်း (၉)လပြည့်ခဲ့ပြီဖြစ်ပါတယ်။ မိဘတွေကလည်း အမြွှာသားလေး တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကြောင့် ဒီနေ့အချိန်ထိ ခံစားနာကျင်နေကြဆဲပဲဖြစ်ပါတယ်။

Photo Credit - Ko Ko
Photo Credit - Ko Ko
Photo Credit - Ko Ko
Photo Credit - Ko Ko
Photo Credit - Ko Ko
Photo Credit - Ko Ko

ညီညီကို သတိရတိုင်းမှာ အစ်ကိုအောင်ထက်နိုင်ကလည်း ကုသိုလ်ကောင်းမှူလေးတွေ လုပ်ဆောင်ပေးတာ တွေ့ရပါတယ်။ ဒါ့အပြင် မကြာခဏဆိုရင်လည်း ညီတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့ ကိုကိုက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ညီညီနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြည်သူတွေအတွက် အမြဲဖော်ပြပေးပါတယ်။ ညီညီ ကွယ်လွန်ခြင်း (၉)လပြည့်ခဲ့ပြီဖြစ်တဲ့ ယနေ့မှာလည်း ငယ်ငယ်က နှစ်ယောက်အတူ ရိုက်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ကိုကိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Ko Ko
Photo Credit - Ko Ko
Photo Credit - Ko Ko
Photo Credit - Ko Ko
Photo Credit - Ko Ko
Photo Credit - Ko Ko

အရမ်းချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ငယ်ဘဝ ပုံရိပ်လေးတွေကတော့ မြင်ရသူအဖို့ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒီပုံရိပ်လေးတွေနဲ့အတူ ကိုကိုကတော့ " (၉)လပြည့်ခဲ့ပြီ ခဏလေးပါပဲ..ငါတို့ တစ်ကြိမ်သာ ပြန်တွေ့ခဲ့ကြရင် စကားတွေအများကြီး ပြောပြစရာတွေရှိတယ်"ဆိုပြီး ရင်နင့်စကားတွေ ရေးသားထားပါသေးတယ်။ ပရိသတ်တွေကလည်း ယနေ့မှာ ကွယ်လွန်ခြင်း (၉)လပြည့်ခဲ့ပြီဖြစ်တဲ့ သူရဲကောင်း ညီညီအောင်ထက်နိုင်အား ကောင်းရာမွန်ရာ ရောက်အောင် ဆုမွန်ကောင်းတွေ တောင်းပေးကြပါဦးနော်..။

Photo Credit - Ko Ko
Photo Credit - Ko Ko
Photo Credit - Ko Ko
Photo Credit - Ko Ko
https://s9.kh1.co/__image/w=600,h=383,q=100/42/422b09140d5ba72afbd027d32327a2c288962a43.jpg

သတင်း အရင်းအမြစ်Source - Ko Ko

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T