တီးတိန်မြို့နယ်မှာ မြေအက်ကွဲကြောင်းကြီး(၂)ကြောင်း ဖြစ်ပေါ်လာခဲ့လို့ လူနေအိမ် (၁၀၀) နီးပါးလောက် အရေးပေါ်ပြောင်းရွှေ့နေရ

//s9.kh1.co/56/56691c2bcab276ac5a80fc5cfce43cc6dc619df1.jpg
နေ့စဉ်သတင်းများ

 ၂၈-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ယခုနှစ်ကာလအတွင်း မန္တလေး ၊ ရှမ်းနှင့် မွန်ပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာကနေ မြေပြိုကျမှုတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေပါ ရှိလာခဲ့ပါတယ်။ ယခုမှာလည်း ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အန့်လန်းရွာမဗာ မိုးရွာသွန်းမှုကြောင့် မြေအက်ကွဲကြောင်းများပေါ်လာခဲ့လို့ မြေပြိုမည့် အန္တရာယ်ကို စိုးရိမ်ကာ ရွာအတွင်းရှိ အိမ်ခြေ (၁၀၀) နီးပါး ပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း စိတ်မကောင်းစွာကြားသိရပါတယ်။

Photo Credit - Thang deih tuang
Photo Credit - Thang deih tuang
Photo Credit - Thang deih tuang
Photo Credit - Thang deih tuang
Photo Credit - Thang deih tuang
Photo Credit - Thang deih tuang

နိုင်ဝင်ဘာလ (၁၆) ရက်ကနေ (၁၉)ရက် အကြား အဆက်မပြတ် မိုးရွာသွန်းခဲ့ရာကနေ အကျယ် (၈)လက်မနဲ့ (၆) လက်မ အကြား အရွယ်အစားရှိပြီး လက်ရှိမှာ (၁)ပေလောက် မြေအက်ကွဲကြောင်းကြီးဖြစ်ပေါ်လာတာကြောင့် မြေပြိုကျမည့်ကို စိုးရိမ်ပြီး ရွာလုံးကျွတ်နီးပါး ပြောင်းနေကြတာ ဖြစ်ပါတယ်။ မြေအက်ကွဲကြောင်းဟာ (၂) ခုရှိနေပြီး ရွာအောက်ဘက်မှ အပေါ်ပိုင်းအထိ အက်ကြောင်းရာက အတော်ရှည်လျားတယ်လို့လည်း သိရပါတယ်။

Photo Credit - Thang deih tuang
Photo Credit - Thang deih tuang
Photo Credit - Thang deih tuang
Photo Credit - Thang deih tuang

ပြောင်းရွှေ့ရမည့်အထဲမှာလည်း အန့်လန်းရွာရှိ ခရစ်ယာန်ဘုရားကျောင်း (၂ ) ကျောင်း ပါဝင်ခဲ့ပါတယ်။ နိုဝင်ဘာလ (၂၆) ရက်ကလည်း အလားတူ တီးတိန်မြို့နယ်ရှိ ဖိုင်ဇားရွာမှာလည်း မိုးအကြီးအကျယ်ရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနေအိမ် (၁၉) လုံး ပျက်စီးဆုံးရှုံးခဲ့ရသေးပါတယ်။ လက်ရှိမှာတော့ လမ်းဘေးတွေမှာပဲ တဲဆောက်ပြီး ယာယီနေထိုင်ကြပြီး အကူအညီများ လိုအပ်နေတာကြောင့် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ ဒေသခံ လူငယ်အဖွဲ့အစည်းတွေကလည်း မေတ္တာရပ်ခံထားပါတယ်။

Photo Credit - Thang deih tuang
Photo Credit - Thang deih tuang
Photo Credit - Thang deih tuang
Photo Credit - Thang deih tuang

သတင်း အရင်းအမြစ်Source - Thang deih tuang

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T