(၉)ကြိမ်မြောက်အဖြစ် ဆိုးရွားတဲ့မီးလောင်ကျွမ်းမှုကို ထပ်မံခံစားရပြန်တဲ့ ထန်တလန်မြို့လေးရဲ့ စိတ်မကောင်းစရာအဖြစ်

//s9.kh1.co/99/99e1b44233beaef5bc0d449283478238d091e00f.jpg
နေ့စဉ်သတင်းများ

 ၂၈-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

.

မီးလောင်ကျွမ်းမှုမကြာခဏဖြစ်ပြီး လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာတော့ ယမန်နေ့ နိုဝင်ဘာ(၂၇)ရက်ညပိုင်းက ဆိုးရွားတဲ့ မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။ ယခုထပ်မံမီးလောင်ကျွမ်းတဲ့ခဲ့တဲ့ နေရာဟာ လုံတီာလ်ရပ်ကွက်နဲ့ ဈေးရပ်ကွက်တို့မှာ ဖြစ်ပြီး မီးလောင်သွားသည့် နေအိမ်အရေးအတွက်ကိုတော့ မသိရှိရသေးကြောင်း သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ပျံ့နှံ့လာတဲ့ သတင်းများအရ အဆိုပါ မီးလောင်ကျွမ်းမှုမှာ စိုက်ပျိုးရေးရပ်ကွက်ရှိ စိန့်နီကောလပ်စ် ကက်သလစ်ဘုရားကျောင်းလည်း မီးထဲပါသွားခဲ့ပါတယ်။ ထန်တလန်မြို့လေးဟာ စက်တင်ဘာလ (၉)ရက်နေ့မှစတင်ပြီ မီးလောင်ကျွမ်းမှုမှာ (၉)ကြိမ်မြောက်ဖြစ်နေပြီဖြစ်ပြီး လူနေအိမ်အများအပြားနှင့် ခရစ်ယာန်ဘုရားကျောင်း (၄)ကျောင်းလည်း မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ထန်တလန်မြို့လေးဟာ ဆိုးရွားလှတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ လပိုင်းတွေက တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြို့လေးတစ်မြို့ပဲ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်စဥ်တွေကိုတော့ အဝေးကနေပဲ အများသောအားဖြင့် မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေအပြင် အိုးအိမ်စည်းစိမ်တွေလည်း မီးဘေးပါသင့်ခဲ့ရတဲ့ ထန်တလန်မြို့လေးအတွက် တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း စိတ်မကောင်းဖြစ်ခဲ့ရပြီး ဝိုင်းဝန်းဆုတောင်းပေးကြတာကို တွေ့မြင်ရပါတယ်။

သတင်း အရင်းအမြစ်Source - The Chin Journal

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T