ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားမှာ ကျောက်မီးသွေးတွင်း မတော်တဆဖြစ်ပွားမှုကြောင့် လူအများအပြား သေဆုံးမှုဖြစ်ပေါ်

//s9.kh1.co/f6/f6a635b885d22e2f725982cf21bf5f59a99ae488.jpg
နေ့စဉ်သတင်းများ

 ၂၆-နို-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားမှာ ကြာသပတေနေ့က ကျောက်မီးသွေးတွင်းတစ်ခု မတော်တဆမီးလောင်မှုဖြစ်ပွားခဲ့ရာကနေ အဆိပ်သင့် မီးခိုးများကြောင့် လူ (၅၂) ဦးသေဆုံးပြီး လူပေါင်း (၄၀) ကျော် ဒဏ်ရာရရှိခဲ့သလို ဒါဇင်နဲ့ချီလူတွေလည်း ပိတ်မိနေဆဲဖြစ်တယ်လို့ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ မိုင်းတွင်းပိတ်မိနေသူများကို ကယ်ဆယ်ရန် ကြိုးပမ်းမှုများကို ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ယာယီရပ်တန့်ခဲ့ပြီး သွားရောက်ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးသမားများကိုလည်း အရေးပေါ် မိုင်းတွင်းမှ ထွက်ခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit - News York Post
Photo Credit - News York Post
Photo Credit - News York Post
Photo Credit - News York Post

အဆိုပါဖြစ်ရပ်ဟာ ကျောက်မီးသွေးအမှုန်အမွှားများမှ မီးလောင်ခဲ့ရာကနေ ထွက်ရှိလာတဲ့ မီးခိုးများဟာ Litsvyazhnaya မိုင်းတွင်း လေဝင်လေထွက်စနစ်မှတစ်ဆင့် လျင်မြန်စွာ ဝင်ရောက်ခဲ့တာပါ။ အခင်းဖြစ်ပွားချိန်မှာတော့ လူပေါင်း (၂၈၅) ဦးလောက် မိုင်းတွင်းမှာ ရှိနေကြပြီး ၎င်းတို့အနက် (၂၃၉) ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး အခြား မိုင်းတွင်းလုပ်သား (၄၆) ဦးဟာ မြေအောက်မှာ ပိတ်မိနေသေးတာ ဖြစ်ပါတယ်။

Photo Credit - News York Post
Photo Credit - News York Post
Photo Credit - News York Post
Photo Credit - News York Post

ဒဏ်ရာရသူ (၄၀) ကျော်ကို ဆေးရုံသို့ပို့ဆောင်ပေးထားပြီး (၄)ဦးကတော့ ပြင်ထန်းဒဏ်ရာရရှိနေတယ်လို့ ဆိုပါတယ်။ သမ္မတ ဗလာဒီမာပူတင်ကတော့ ကြာသပတေးနေ့မှာ သေဆုံးသွားသော မိုင်းတွင်းလုပ်သားများရဲ့ မိသားစုဝင်များအား ဝမ်းနည်းကြောင်း ပြောကြားပြီး ဒဏ်ရာရသူများအား လိုအပ်တဲ့ အကူအညီများ အားလုံးကို ပေးအပ်ရန် အစိုးရအား အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်Source - News Yort Post

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T