ဂျပန်ရောက်မြန်မာပြည်သူပြည်သားများ စုပေါင်းပြီး တီးတိန်၊တွန်းဇံ အတွက် အလှုငွေ ကောက်ခံပွဲ ပြုလုပ်ခဲ့တဲ့ ပုံရိပ်များ

//s9.kh1.co/69/69ccf207ff70c96ecfa862a131366eef36b4eeeb.png
နေ့စဉ်သတင်းများ

 ၁၅-နို-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဂျပန်ပြည်သူများကလည်း အလှုငွေ ထည့်ပေးကြတာတဲ့....

မြန်မာ့နွေဦးမှာ ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေ၊ပြည်ပရောက် မြန်မာပြည်သူပြည်သားတွေဟာ တစ်ထောင့်တစ်နေရာကနေ  တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပြီး တော်လှန်နေကြတာကို မြင်တွေ့ရမှာပါ။

Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen

ဒီတစ်ခေါက်မှာလည်း ဂျပန်ရောက် မြန်မာပြည်သူပြည်သားများက မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေး အထောက်အကူ ပြုဖို့အတွက် အလှူငွေ ကောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit - Zalen
Photo Credit - Zalen

ထိုအလှူငွေ ကောက်ခံပွဲကို နိုဝင်ဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ ရှိတဲ့ CYO - Japan အသင်းသားများနဲ့ တီးတိန်၊တွန်းဇံအဖွဲ့အစည်းများပူးပေါင်းကာ  တီးတိန် ၊တွန်းဇံအတွက် အလှူငွေကောက်ခံခဲ့ရာ  အလှူငွေ စုစုပေါင်း JPY 417,735 - မြန်မာငွေ သိန်း ၆၀ ကျော်ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ကောက်ခံရရှိထားသမျှ အလှူငွေ အားလုံးကို CYO - Japan မှ တီးတိန်၊တွန်းဇံ တာဝန်ခံဆီသို့ လွှဲအပ်ပေးပြီးကြောင်းလည်း သိရှိရပါတယ်။

Photo Credit - Zalen
Photo Credit - Zalen

အလှူငွေ ထည့်ဝင်ပေးကြတဲ့ ဂျပန်ပြည်သူပြည်သားများနဲ့ အလှုငွေကောက်ခံပေးတဲ့ ဂျပန်ရောက်မြန်မာပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့လည်း ရေးသားထားပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T