ယနေ့လူပြောများနေတဲ့ မြောက်ဒဂုံက ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်

//s9.kh1.co/c3/c350b8858f84d4380fe87cf3f183fcd3554b32ff.jpg
နေ့စဉ်သတင်းများ

 ၂၄-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ယနေ့လူပြောများနေတဲ့ မြောက်ဒဂုံက ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်

ယခုခေတ်မှာဆိုရင် ကုန်စျေးနှုန်းမြင့်မားမှုကြောင့် ထမင်းတစ်နပ် ၅၀ဝ နဲ့ရောင်းချဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့ ဆိုင်ပိုင်ရှင်တစ်ဦးကတော့ ရန်ကုန်မြို့  မြောက်ဒဂုံ ရွှေရတနာရုပ်ရှင်ရုံအနီးမှာ ၅၀၀ ကျပ်ရှိရုံနဲ့ စားလို့ရမဲ့ ဇလုံထမင်းကို  ရောင်းချပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

ဇလုံထမင်းဆိုင်ပိုင်ရှင်ဟာ ယခင်က ကားဝပ်ရှော့တစ်ခုရဲ့ အလုပ်သမားတစ်ဦးဖြစ်ခဲ့ပြီး သူအလုပ်လုပ်စဥ်တစ်လျှောက်လုံးမှာ နေလည်စာစားချိန်ဆို အလုပ်ရှင်က ပေးခဲ့တဲ့ ငွေပမာဏဖြင့် စျေးချိုပြီးသက်သာတဲ့ ထမင်းဆိုင်မှာ ဗိုက်ဝအောင် စားလို့ရတဲ့ ထမင်းဆိုင်ကို သွားရောက်စားခဲ့ရတယ်လို့ ဆိုပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

သူဟာ ယခုလက်ရှိမှာတော့ ကားအပိုပစ္စည်းဖြန့်ဖြူးတဲ့ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့ပါပြီ။ဇလုံထမင်းဆိုင်ဖွင့်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ယခုလက်ရှိမှာ ကြပ်တည်းခက်ခဲနေကြတဲ့ အလုပ်သမား၊လက်လုပ်လက်စားများကို ကိုယ်ချင်းစာမိတာကြောင့် သူတို့ကို တစ်ဖက်တစ်လမ်းက ကူညီဖို့အတွက် ၅၀၀ ကျပ်တန် ဇလုံထမင်းကို ရောင်းချခဲ့တာပါလို့ ဆိုပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်ဟာ လက်လုပ်လက်စား ကယ်ရီသမား များနဲ့အနီးအနားမှာ ရှိတဲ့အရှေ့ဒဂုံ ရွှေပေါက္ကံက စားသုံးသူများနဲ့ စည်ကားလျက်ရှိပါတယ်။အချို့အဆင်ပြေသူများက ၅၀၀ ကျပ်တန် ဇလုံထမင်းကို လာရောက်စားသောက်ကြပြီး ကျသင့်ငွေ ၅၀၀ ကျပ်အပြင် နောက်ထပ် ၅၀၀ကျပ် ၁၀၀၀ ကျပ်အစရှိသဖြင့် ခက်ခဲနေသူများအတွက် လှူဒါန်းပေးသွားကြပါတယ်။တစ်ချို့ဆိုလျှင် ၅၀၀ ကျပ်တောင် ခက်ခဲနေကြတဲ့အတွက် ထိုအလှူများထဲကနေ ကျွေးမွေးခြင်း အစီအစဥ်ကိုလည်းပြုလုပ် ပေးနေတယ်လို့လည်း ဆိုပါတယ်၊၊

Photo Credit - Original Uploader
Photo Credit - Original Uploader

ဇလုံထမင်းဆိုင်ကို အားပေးချင်တာပဲ ဖြစ်ဖြစ် လှူဒါန်းချင်တာပဲ ဖြစ်ဖြစ် ဇလုံထမင်းဆိုင်ရဲ့ လိပ်စာအတိအကျကတော့ မြောက်ဒဂုံ မဝတ မှတ်တိုင်နဲ့ စွမ်းအင်မှတ်တိုင်ကြားက စုပေါင်းရုံးလမ်းထဲမှာ တည်ရှိပြီး ရွှေရတနာရုပ်ရှင်ရုံနဲ့ Top zKTV တို့နဲ့လည်း နီးပါတယ်။

ဇလုံထမင်းဆိုင် ဒီထက်မက ပိုမိုအောင်မြင်ပါစေ.......

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T