အာဆီယံနိုင်ငံများက ချီးမြှင့်ခဲ့တဲ့ ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆုကို ရရှိခဲ့တဲ့ မြန်မာနိုင်ငံ ညောင်ဦးမြို့ - Myanmarload

အာဆီယံနိုင်ငံများက ချီးမြှင့်ခဲ့တဲ့ ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆုကို ရရှိခဲ့တဲ့ မြန်မာနိုင်ငံ ညောင်ဦးမြို့

https://s9.kh1.co/b1/b1e7d31016153fc979f984a5ebe272d21ef7be11.jpg
နေ့စဉ်သတင်းများ
 22-Oct-2021 7pm · a month ago

မြန်မာနိုင်ငံအတွက်တော့ ဂုဏ်ယူစရာပါပဲနော်..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြန်မာနိုင်ငံဟာ သယံဇာတများ ၊သဘာဝအရင်းအမြစ်များပေါများကြွယ်ဝတဲ့အတွက် နိုင်ငံတကာက စိတ်ဝင်စားလေ့ရှိတဲ့ အာရှနိုင်ငံတွေထဲ တစ်နိုင်ငံအဖြစ်ပါဝင်နေတာဖြစ်ပါတယ်။ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့နေရာများစွာရှိတာကြောင့်လည်း နိုင်ငံတကာ ခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှုများနေခဲ့ခြင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=321,q=100/35/35cebf27d3948f881cd72a91a888418b57d08eff.jpg
Photo Credit From Original Uploader

ယခုအခါ မြန်မာနိုင်ငံ ၊ မန္တလေးတိုင်းဒေသကြီးရှီ ညောင်ဦးမြို့ ဟာ အာဆီယံနိုင်ငံများဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆု ကိုရရှိခဲ့ပါတယ်။ထိုဆုကိုမြန်မာနိုင်ငံအနေနဲ့ ယခုနှစ်မှာမှ ပထမဆုံးအနေနဲ့ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/df/df8622b82b5b3eb1718bd0ee4aed5d64ec8f66fb.jfif
Photo Credit From Original Uploader

ထိုဆုကို အာဆယံနိုင်ငံများရှိ မြို့ကြီးများအတွင်း နှစ်စဉ်နှစ်တိုင်း စိမ်းလန်းဖွံ့ဖြိုးပြီး နှစ်လိုဖွယ်ကောင်းသောမြို့များကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။(၂၀၂၁)ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်းရှိ မြို့များကို သေချာ စီစစ်ရွေးချယ်ခဲ့တာဖြစ်ပြီး အရည်အချင်းပြည့်မှီသော ညောင်ဦးမြို့က ထိုဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=389,q=100/e8/e839ac367bc153d7d2019136cd40a57fc2f72997.jpg
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်ဆောင်းပါး