အသက် ၆၈နှစ်ပြည့်သွားပြီဖြစ်တဲ့ ဆင်မကြီးမိုမို

//s9.kh1.co/0f/0f18a50f5078c469231a03994656a9d7f6fb2f89.jpg
နေ့စဉ်သတင်းများ

 ၂၂-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

အသက် ၆၈နှစ်ပြည့်သွားပြီဖြစ်တဲ့ ဆင်မကြီးမိုမို

မြန်မာ့အသံမှာ တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်ပြသနေကျ မိသားစု တနင်္ဂနွေ သီချင်းလေးထဲကနေ တစ်နိုင်ငံလုံးက ပြည်သူတွေက ဆင်မလေးမိုမိုကို စသိခဲ့ကြတာဖြစ်ပါတယ်။

မိုမိုဟာ ၁၉၆၁ ခုနှစ်မှာ ကယားပြည်နယ်ကနေ ရန်ကုန်ကို ၇နှစ်သမီးအရွယ်မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

မိုမိုဟာ ၇နှစ်သမီးအရွယ်ကနေစပြီး နှစ်ပေါင်း ၅၀ ကြာသည်အထိကို အားလုံးစိတ်ပင်ပန်းမှုတွေ ပြေပျောက်ဖို့အတွက် ဖျော်ဖြေပေးခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဆင်မကြီးမိုမိုဟာ ဖျော်ဖြေမှုကို အနားယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

ဆင်မကြီးမိုမိုဟာ ယခုဆိုရင် အသက် ၆၈ ပြည့်သွားပြီဖြစ်ပါတယ်။သူမရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်မှာ အောက်တိုဘာ ၂၀ ရက်နေ့မှ အောက်တိုဘာ ၂၄ ရက်အထိ "Mo Mo Birthday Week "ဆိုပြီး ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ဆင်မကြီးမိုမို ၆၈နှစ်ပြည့်အတွက် အမှတ်တရ မွေးနေ့ကိတ်ခွဲခြင်းအစီအစဥ်ကိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆင်မကြီးမိုမိုဟာ နားလည်မှုစွမ်းရည် မြင့်မားပြီး မိုမိုလို့ခေါ်လိုက်ရင် ပြန်ထူးတတ်ခြင်း၊သူဆီလာရောက်လည်ပတ်တဲ့ကလေးလေးတွေကို ချစ်တတ်တာကြောင့် ပြည်သူတွေရဲ့ချစ်ခင်မှုကို တပွေ့တစ်ပိုက်ရထားသူလည်း ဖြစ်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T