နေ့စဉ်နေ့တိုင်း ပဓာနကျသောတာဝန်များထမ်းဆောင်နေရသူတွေဖြစ်တဲ့ အမေ့လျော့ခံလူသားများအား ရိုသေလေးစားစွာ ဂါရဝပြုရင်း သီတင်းကျွတ်ကိုဖြတ်သန်းခဲ့တဲ့ Ocean Centre မှ ဝန်ထမ်းလူငယ်များ - Myanmarload

နေ့စဉ်နေ့တိုင်း ပဓာနကျသောတာဝန်များထမ်းဆောင်နေရသူတွေဖြစ်တဲ့ အမေ့လျော့ခံလူသားများအား ရိုသေလေးစားစွာ ဂါရဝပြုရင်း သီတင်းကျွတ်ကိုဖြတ်သန်းခဲ့တဲ့ Ocean Centre မှ ဝန်ထမ်းလူငယ်များ

https://s9.kh1.co/9f/9f2c838abdaa8b30ff2db70cdd145bdec699042a.jpg
နေ့စဉ်သတင်းများ
 22-Oct-2021 9am · a month ago

တကယ်ကို ချစ်စရာကောင်းတဲ့ လူ့အသိုင်းအဝိုင်းလေးပါပဲ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယခုလို သီတင်းကျွတ်ကာလမှ မိမိထက် အသက်အရွယ်ကြီးတဲ့ လူကြီးသူမများကို ကန်တော့တယ်ဆိုတာဟာ မြန်မာတို့ရဲ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုပဲဖြစ်ပါတယ်။ယခုလည်း Ocean Centre မှ ဝန်ထမ်းလူငယ်များဟာ ရိုးရာဓလေ့ကို ချစ်စရာကောင်းစွာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/05/05f10e4d7855179f4f334ed93f1983cb04051e11.jpg
Photo Credit From Original Uploader

သူတို့ဟာ လူ့အဆင့်အတန်းခွဲခြားခြင်းမရှိပဲ သန့်ရှင်းရေးဝန်ထမ်းအဒေါ်ကြီးများကို ရိုသေလေးစားစွာ သီတင်းကျွတ်ဂါရဝအနေနဲ့ ကန်တော့ဦးညွှတ်ခဲ့တာဖြစ်ပါတယ်။နိစ္စဓူဝ သန့်ရှင်းရေးလုပ်ပေးနေရပေမယ့် ဒီ အဒေါ်ကြီးတွေဟာ များသောအားဖြင့် အမေ့လျော့ခံဖြစ်နေကြရတာဆိုပေမယ့် ဝန်ထမ်းလူငယ်လေးတွေကတော့ တကယ်ကို တစ်လေးတစ်စားနဲ့ ရှိခိုးကန်တော့ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/a3/a31457dae06cbba23e3a6c4d0c7ae356a5ee7171.jpg
Photo Credit From Original Uploader

မြန်မာ လူမျိုးတို့ရဲ့ သီတင်းကျွတ်အစဉ်အလာကတော့ သီတင်းကျွတ်ကာလမှာ မြတ်စွာဘုရားရှင်တော်ဟာ သူ့ရဲ့ မာတာမိခင် မယ်တော်အမိနတ်သားကို နတ်ပြည်သို့တက်ကာ တရားရေအေးတိုက်ကျွေးပြီး ကျေးဇူးဆပ်ခဲ့တဲ့ သမိုင်းကြောင်းကို အခြေခံကာ မိမိရဲ့ သက်ကြီးဝါကြီး လူကြီးသူမများနှင့်ကျေးဇူးရှင်များအား ကန်တော့ကြတဲ့ အလေ့အထဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/9f/9f2c838abdaa8b30ff2db70cdd145bdec699042a.jpg
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်ဆောင်းပါး