ထိုင်နိုင်ငံ ကျန်ထဘူရီခရိုင်မှာ ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေ ထပ်မံဖြစ်ပေါ်

//s9.kh1.co/bc/bcbd887b106c7e101e5d51d27a61738352bf144a.jpg
နေ့စဉ်သတင်းများ

 ၁၃-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင်မှာ အောက်တိုဘာလ (၁၂) ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေလွှမ်းမိုးမှုများရင်ဆိုင်နေရကြောင့် ထိုင်းသတင်းများက ဖော်ပြလာတာ တွေ့ရပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မြစ်ချောင်းများ အဆမတန်လျှံတက်ခဲ့ပြီး အနီးအနားရှိ လူနေအိမ်များ နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload

ရေဘေးသင့်ခဲ့တဲ့ မိသားစုတချို့တွေကို ယမန်နေ့ညကတည်းက ဘေးလွတ်ရာသို့ အရေးပေါ်ကယ်ထုတ်ခဲ့ရပြီး ဒီကနေ့မှာလည်း ရေများဆက်လက်တက်လာတာကြောင့် ကျန်ရှိနေတဲ့ မိသားစုတွေကို ထပ်မံကယ်ထုတ်နေကြောင်း ဖော်ပြထားပါတယ်။ ဖော်ပြလာခဲ့တဲ့ ရုပ်ပုံတွေအရ တချို့နေရာတွေမှာ (၄)ပေးလောက်အထိ ရေမြင့်တက်ခဲ့ပြီး လမ်းမပေါ်တွေက ကားများဟာ ရေထဲမျောပါနေသလို့ လမ်းတံတားများ ကျိုးကျပျက်စီးသွားတာတွေလည်း တွေ့ရပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်တွေက Lion Rock မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို အကြီးမားဆုံးဖြစ် ယခုထိ ရင်ဆိုင်နေရပြီး လူ (၁၄) ဦးထိလည်း သေဆုံးလာခဲ့ပါတယ်။ ယခုမှာလည်း ထိုင်းမိုးလေဝသက ထုတ်ပြန်ထားရာမှာ Kompasu အမည်ရှိမုန်တိုင်းဟာ တရုတ်ပင်လယ်ကနေ ဦးတည်လာနေတာကြောင့် အောက်တိုဘာ (၁၃/၁၄ )ရက်များမှာ ဗီယက်နမ် ၊ လာအို နဲ့ထိုင်းကို ဝင်ရောက်လာမှာဖြစ်လို့ မိုးရွာသွန်းမှု ပိုမိုများနိုင်ကြောင်း သိရပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T