ပါကစ္စတန်နိုင်ငံမှာ အိမ်အမိုးများ၊ ကားများပျက်စီးသွားခဲ့ရတဲ့အထိ မိုးသီးမုန်တိုင်း ကျရောက်ခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/54/5406b150703dba7b9c917d99262de289fac4f43b.jpg
နေ့စဉ်သတင်းများ

 ၁၂-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပါကစ္စတန်နိုင်ငံ Babusar Top နဲ့ Naran ဒေသမှာ အောက်တိုဘာ (၁၀) ရက်နဲ့ (၁၁) ရက်နေ့မှာ ရာသီဥတု ဆိုးရွားမှုဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံသတင်းများက ဖော်ပြလာခဲ့ပါတယ်။ ဒါကတော့ ထိန်လန့်စရာကောင်းတဲ့ မိုးသီးမုန်တိုင်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆက်မပြတ် ကျရောက်ခဲ့တဲ့ မိုးသီးအရွယ်အစားဟာ (၃)လက်မအထိကြီးမားခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - WBP
Photo Credit - WBP
Photo Credit - WBP
Photo Credit - WBP
Photo Credit - WBP
Photo Credit - WBP

အရွယ်အစားကြီးမားတဲ့ မိုးသီးများကျခဲ့တဲ့အရှိန်ကြောင့် လမ်းမပေါ်မှာ မောင်းနှင်နေတဲ့ ကားများနှင့် လူနေအိမ်အမိုးများ ပျက်စီးထိခိုက်မှုတွေ ကြုံတွေ့နေရပါတယ်။ မိုးသီးမုန်တိုင်း မကျခင်က တစ်နာရီ ၁၂၀ ကီလိုမီတာနှုန်းဖြင့် လေပြင်းများတိုက်ခိုက်ခဲ့သလို မိုးကြိုးမုန်တိုင်းလည်း ဖြစ်ပေါ်စေခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ​ဒေသတွေမှာ အနည်းဆုံးအပူချိန်ဟာ (၁၄-၁၅) ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=813,q=100/06/067cb5c1fd99b5409713e26ba6f34268e7633b2b.jpg
Photo Credit - WBP
Photo Credit - WBP
Photo Credit - WBP
Photo Credit - WBP
Photo Credit - WBP
Photo Credit - WBP

မိုးသီးမုန်တိုင်း ကျရောက်ခဲ့တဲ့အချိန်ဟာ မနက်အစောပိုင်းမှာဖြစ်ခဲ့ပြီး ရုပ်သံဖိုင်တွေအရ တကယ့်ကို အားပြင်းခဲ့တဲ့မုန်တိုင်းအဖြစ်ကာ လမ်းပေါ်တွေမှာ မိုးသီးများအဆက်မပြတ် ကျရောက်ခဲ့တာ တွေ့မြင်ရပါတယ်။ယခုလို မိုးသီးမုန်တိုင်းကျရောက်ခြင်းဟာ ပါကစ္စတန်နိုင်ငံအတွင်း ပထမဆုံးကျရောက်တာ မဟုတ်ဘဲ ၁၉၉၇ ခုနှစ်၊ ၂၀၁၅/၁၆ ခုနှစ်တွေမှာလည်း လေပြင်းတိုက်ခိုက်ခြင်း ၊ မိုးသီးမုန်တိုင်းနှင့် နှင်းများအဆမတန်ကျဆင်းခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - WBP

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T