ရုပ်ရှင်ရုံတွေ ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီဝန်ကြီး ပြော

//s9.kh1.co/7a/7a4e79db270f0d52ca8d61cfe88c1f5b421333b1.jpg
နေ့စဉ်သတင်းများ

 ၁၂-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မကြာခင် ပြန်ဖွင့်မယ်လို့ပြောပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာ ပြန်ဖွင့်မယ်ဆိုတာကိုတော့ ........

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားကတည်းက ပိတ်ထားရတဲ့ ရုပ်ရှင်ရုံတွေကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားကြောင်း သတင်း ရရှိပါတယ်။ COVID-19 ရောဂါကြောင့် ရုပ်ရှင်ရုံတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလလောက် ကတည်းက ပိတ်ထားရတာ ဖြစ်ပြီး အခုဆိုရင် တစ်နှစ်ကျော်ရှိပြီဖြစ်ကာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

Photo Credit : Xinhua Myanmar
Photo Credit : Xinhua Myanmar

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲနေတဲ့ ရန်ကုန်တိုင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ (၁၃) ရုံကို တာဝန်လွှဲပြောင်းပေးတဲ့ (Deed of Assignment) ချုပ်ဆိုခြင်းအခမ်းအနားကို  အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပရာမှာ ပြောဆိုခဲ့တာလို့  စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အနုပညာရှင်တွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နေကြပြီ ဖြစ်ပြီး ပြသမှုလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့အတွက်လည်း ကိုဗစ် စည်းကမ်းချက်နဲ့အညီ  အားလုံးပူးပေါင်း ဆောင်ရွက်ကြဖို့ ဆွေးနွေးတိုင်ပင် နေကြပြီဖြစ်ပါတယ်။ မကြာမီအချိန်အတွင်း အနုပညာရှင်‌တွေ အနုပညာ အလုပ်တွေ လုပ်ကိုင်ပြီး ရုပ်ရှင်ရုံတွေမှာ ပြည်သူတွေ အပန်းဖြေအနားယူနိုင်ကြတော့မယ်လို့ မျှော်လင့်တယ်လို့ လည်း ဦးမောင်မောင်အုန်းက ပြောပါတယ်။

Photo Credit : unityjournal
Photo Credit : unityjournal

COVID-19 ရောဂါအခြေအနေကြောင့် ပိတ်ထားခဲ့ရတဲ့ ရုပ်ရှင်ရုံတွေကို မကြာခင် ပြန်ဖွင့်မယ်လို့ ပြောပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာ ပြန်ဖွင့်မယ်ဆိုတာကိုတော့ တိတိကျကျပြောသွားတာ မရှိပါဘူး။

NLD အစိုးရလက်ထက် ရုပ်ရှင်ရုံ အရည်အတွက်တိုးတက်လာခဲ့ပြီး ရုပ်ရှင်ရုံ အသစ်တွေလဲ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် COVID-19 ရိုက်ခတ်မှုဒဏ်နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ရုပ်ရှင်လုပ်ငန်းကလဲ အထိနာဆုံးကဏ္ဍာမှာ ပါဝင်ခဲ့ပါတယ်။

Photo Credit : MoeMaKa
Photo Credit : MoeMaKa

စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးက ရုပ်ရှင်ရုံဖွင့်လှစ်ဖို့နဲ့ ရုပ်ရှင်လုပ်ငန်းတွေ စတင်ဖို့ ပြောဆိုနေပေမယ့် အခုလက်ရှိအချိန်မှာ ပြည်သူဘက်ကရပ်တည်ပြီး အာဏာရှင်ကို ဆန့်ကျင်တဲ့ အနုပညာရှင်တော်တော်များကို စစ်ကောင်စီဘက်က ဖမ်းဆီးထောင်ချတာအပြင် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်တာတွေလဲ ရှိနေပါတယ်။

ရုပ်ရှင်ရုံတွေ ပိတ်ထားရတာ အခုဆိုရင် တစ်နှစ်ကျော်ရှိလာပြီ ဖြစ်တဲ့အတွက် ရုပ်ရှင်ရုံက ဝန်ထမ်းတွေကို လစာမဲ့ခွင့်ပေးထားရတဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ COVIDကာလကြောင့် ရုပ်ရှင်လောကသား တချို့လည်း စားဝတ်နေရေး အခက်အခဲတွေရှိကြောင်းလည်း သိရပါတယ်။ 

Source: C8News

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T