ယနေ့မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး level (1 ) ယာဉ်အုပ်စုဖြင့် မီးငြိမ်းသတ်ခဲ့ရတဲ့ အင်းစိန်မြို့နယ်က နေအိမ်တစ်လုံး

//s9.kh1.co/b0/b0ea34a007c475b718912934e52a33ebcdf92f61.jpg
နေ့စဉ်သတင်းများ

 ၁၀-အောက်-၂၀၂၁ ၇am · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်အတွင်း ရန်ကုန်မြို့ကြီးအပါအဝင် နေရာဒေသက မြို့နယ်တချို့တွေမှာ မီးလောင်မှုတွေကလည်း  ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာကို  တွေ့လာရပါတယ်။ မီးလောင်မှုတွေမှာ လူနေအိမ် အများအပြားလည်း ပါဝင်သလို စျေးတွေ၊ စက်ရုံအလုပ်ရုံတွေ ပိုမိုအဖြစ်များလာခဲ့ပါတယ်။ ဒီလိုမီးလောင်မှုတွေကြောင့် ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းထားတဲ့ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ် အများအပြားဟာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD

တချို့ မီးလောင်မှုတွေမှာ ထိခိုက်မိမှုတွေနဲ့ လူသေဆုံးခဲ့ရတဲ့အထိ ဆိုးဆိုးဝါးဝါး  ဖြစ်ပွားခဲ့တာလည်း ရှိလာခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာ (၁၀)ရက် မနက်ပိုင်းမှာလည်း ရန်ကုန်မြို့အတွင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းကြားသိရပါတယ်။ မီးလောင်မှုဖြစ်ခဲ့တာကတော့  အင်းစိန်မြို့နယ်၊ ကြို့ကုန်း(နောက်)ရပ်ကွက်၊ မမဦးလမ်းက လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်တွေအရ မီးလောင်ကျွမ်းမှုကို level (1) ယာဉ်အုပ်စုများဖြင့် ငြှိမ်းသတ်ခဲ့ပြီး မနက်(၁)နာရီ (၄၀) မိနစ်လောက်မှာ မီးငြိမ်းနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ အနီးအနားရှိပြည်သူတွေရဲ့ ပြောဆိုချက်အရ အဲ့ဒီ မီးလောင်သွားခဲ့တဲ့ နေအိမ်တစ်လုံးဟာ လက်ရှိမှာ လူနေထိုင်မှုမရှိဘူးလို့ ကြားသိရပါတယ်။ လက်ရှိမှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပေမယ့် မီးလောင်ကျွမ်းခဲ့တဲ့ ဖြစ်စဥ်ကို ပရိသတ်တွေလည်း သိရှိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - MFSD



Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T