ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ယမန်နေ့ညက လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ၆.၁ အဆင့်ရှိ မြေငလျင်တစ်ခုရဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်

//s9.kh1.co/95/95004df9c6415c4251431f2adf774676e6f7bce5.jpg
နေ့စဉ်သတင်းများ

 ០៨-តុលា-២០២១ ១០ព្រឹក · ៥ ឆ្នាំមុន

.

ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်မြောက်ပိုင်း Chiba စီရင်စုမှာ အောက်တိုဘာ (၇) ရက် ကြာသပတေးနေ့ညနေက ပြင်းအား ၆.၁ အဆင့်ရှိ ကီလိုမီတာ ၈၀ (မိုင် ၅၀) ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြလာခဲ့ပါတယ်။ USGS ရဲ့ အဆိုအရ ငလျင်ဟာ ၅.၉ ပြင်းအား ၆၂ ကီလိုမီတာ (၃၈.၅ မိုင်) သို့အဆင့် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN

ငလျင်ဟာ တိုကျိုမြို့မှာ စက္ကန့် ၃၀ ကျော်ကြာလှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးကြီးကြီးမားမား ပြိုကျသွားခြင်းမရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူကတော့ အနည်းငယ်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရထားပြေးဆွဲမှုအချို့ကိုလည်း အစိုးရဲ့ ညွန်ကြားချက်တွေနဲ့ ရပ်ဆိုင်းထားကြောင်း သိရပါတယ်။ ဒီလို ငလျင်လှုပ်ခတ်ခဲ့တဲ့ အချိန်မှာပြည်သူတချို့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေကလည်း လူမှုကွန်ယက်တွေမှာပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - CNN
Photo Credit - CNN

ရုပ်သံဖိုင်တွေအရ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်တဲ့ အရှိန်ကြောင့် အဆောက်အဦးတွေဟာ စက္ကန့် တော်တော်ကြာအောင် လှုပ်ခါခဲ့တာတွေ့ရပါတယ်။ ငလျင်လှုပ်ခတ်ခဲ့အချိန်မှာလည်း လမ်းပေါ်သွားလာတဲ့သူတွေဟာ ခဏတာ ရပ်တန့်ခဲ့ရတာကို တွေ့မြင်ရပါတယ်။ တချို့သူတွေကတော့ အဆောက်အအုံအတွင်းကနေ အပြင်ဘက်ကို ပြေးထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်တဲ့ချိန် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကိုလည်း ပြန်လည်ကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ် Source - A News

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T