မြန်မာငွေကျပ်သိန်း ၉၀ ခန့်နဲ့ လေလံအောင်သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား - Myanmarload

မြန်မာငွေကျပ်သိန်း ၉၀ ခန့်နဲ့ လေလံအောင်သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား

https://s9.kh1.co/8c/8ce0b77a74412079779ab79cff601cda63d54f39.jpg
နေ့စဉ်သတင်းများ
 08-Oct-2021 10am · 2 months ago

တန်ဖိုးသိတော့ တန်ဖိုးရှိတာပေါ့......

တော်လှန်ရေးအတွက် လုံးဝသွေးမအေးဘဲ အင်တိုက်အားတိုက်ပါဝင်အားဖြည့်နေကြတဲ့ နိုင်ငံတကာရောက်မြန်မာများရဲ့ အပတ်စဥ် ရံပုံငွေရှာ​ဖွေ​ရေးအတွက် ​စျေးရောင်းချပွဲကို  အောက်တိုဘာလ (၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ကဗျာ၊ ဂီတ၊ ရိုးရာတိုင်းရင်းသားဂီတ၊ အကများနဲ့ မြန်မာ့အစားအစာအစုံအလင်ပါဝင်သော “ကြယ်စင်များရဲ့အလင်းကောင်းကင်” လို့အမည်ပေးထားတဲ့ ရံပုံငွေရှာဖွေပွဲကြီးကို လန်ဒန်အနောက်ပိုင်း Feltham မြို့မှာ ကျင်းပခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=458,q=100/9c/9cea15ed295fbcb407ec18a784f21a3d277eb05b.jpg
Photo Credit - Min Hein's Facebook Acc 

ကြယ်စင်များရဲ့အလင်းကောင်းကင်ပွဲမှာ လန်ဒန်နိုင်ငံက တော်လှန်ရေးမှာ တတပ်တအားပါဝင်ကြတယ့် မိသားစုတွေ အပန်းပြေစေဖို့ Live Music & Karaoke အစီအစဥ်၊ အစားသောက်မျိုးစုံရောင်းချမယ့်အစီအစဥ်၊ ကံစမ်းမဲလက်မှတ်ဝယ်ယူပြီး အမှတ်တရပစ္စည်းလေးတွေရမယ့် အစီအစဥ်တွေအပြင် သားသားမီးမီးလေးတွေ ပါဝင်ကစားနိုင်မယ့် ပျော်ပွဲရွှင်ပွဲအစီအစဥ်တွေပါ ပါဝင်ပါတယ်။  

https://s9.kh1.co/__image/w=650,h=458,q=100/08/084307be28f07fa3b298d7699514e2347c05f6d0.jpg
Photo Credit - Min Hein's Facebook Acc 

ရန်ပုံငွေပွဲမှာ အင်္ဂလိပ် နာမည်ကြီးပန်းချီဆရာ Mark Howard ရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား ကို စတာလင်ပေါင် ၂၇၀၀၊ မြန်မာငွေ ကျပ်သိန်း ၉၀ ခန့်နဲ့ လေလံအောင်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီပန်းချီကားကို မြန်မာတစ်ဦးက အမြင့်ဆုံးစျေးနဲ့ လေလံဆွဲပြီး၊ ဝယ်ယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=513,h=640,q=100/ff/ff186e9bda39bed6143668230edc4974fef75be6.jpg
Photo Credit - May Myat Noe's Facebook Acc
https://s9.kh1.co/__image/w=650,h=911,q=100/83/835e9c645d024a4eb8396d76f5b7d79cf9fa19c5.jpg
Photo Credit - Halen's Facebook Acc
https://s9.kh1.co/__image/w=650,h=521,q=100/27/27cd8b293fa31a5a6c2f76d59e48f7f8e4fe11a2.jpg
Photo Credit - Halen's Facebook Acc

လန်ဒန်မှာ ရောက်ရှိနေတဲ့ Miss Myanmar Universe သူဇာဝင့်လွင်နဲ့ Model မေမြတ်နိုး လဲ ကြယ်စင်များရဲ့ အလင်းကောင်းကင် Fund raising ပွဲကို လာရောက်ပြီး ပါဝင်ကူညီအားဖြည့်ခဲ့ကြပါတယ်။

Cherry Nwe Oo
CNO

ဆက်စပ်ဆောင်းပါး