မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး ပြည်သူများသွားလာရေးခက်ခဲခဲ့ရတဲ့ ရန်ကုန်မြို့ ယုဇနပလာဇာရှေ့က အခြေအနေ

//s9.kh1.co/1b/1b516c5436585e678835377907f46444ac77bacb.jpg
နေ့စဉ်သတင်းများ

 ၀၇-အောက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြန်မာနိုင်ငံမှာ ရန်ကုန်မြို့အပါအဝင် အခြားမြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေများမြင့်တက်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ယခုအချိန်အခါဟာ မိုးနှောင်းကာလလည်း ရောက်နေပြီဖြစ်တာကြောင့် မုတ်သုံလေအားကောင်းလာပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာဖြစ်ပါတယ်။

Photo Credit- Khin Pyae Sone Naing
Photo Credit- Khin Pyae Sone Naing
Photo Credit- Khin Pyae Sone Naing
Photo Credit- Khin Pyae Sone Naing

ဒီကနေ့ အောက်တိုဘာလ (၇) ရက်နေ့မှာလည်း ရန်ကုန်မြို့အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရပါတယ်။ ရွာသွန်းသွားတဲ့ မိုးအခြေအနေကြောင့် တချို့ မြို့နယ်တွေမှာ လမ်းတွေအထိ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ကားတွေပါ သွားလာရခက်ခဲနေတာကို တွေ့ရပါတယ်။ ယခုမှာလည်း ရန်ကုန်မြို့ ယုဇနပလာဇာ အရှေ့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ မြင်ကွင်းတချို့ကို ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit- Khin Pyae Sone Naing
Photo Credit- Khin Pyae Sone Naing
Photo Credit- Khin Pyae Sone Naing
Photo Credit- Khin Pyae Sone Naing

ရုပ်ပုံတွေအရ ယုဇနပလာဇာအရှေ့က လမ်းမကြီးတလျှောက်လုံး ရေများဟာ လူခြောက်ထောက်ဒူးလောက်အထိ နစ်မြုပ်သွားတဲ့အထိ ရောက်ရှိခဲ့ပြီး ပြည်သူတွေအနေနဲ့ သွားလာရေးခက်ခဲနေကြတာ တွေ့ရပါတယ်။ အဆိုပါ နေရာဟာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ရင် ယခုလိုရေကြီးရေလျှံမှုတွေ မကြာခဏ ဖြစ်ပေါ်တတ်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ယုဇနပလာဇာ အရှေ့ ရေကြီးနေတဲ့ ရုပ်ပုံတွေကိုလည်း ပရိသတ်တွေကြည့်ရှုလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit- Khin Pyae Sone Naing
Photo Credit- Khin Pyae Sone Naing

သတင်း အရင်းအမြစ်Source - Khin Pyae Sone Naing

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T