နယူးဒေလီလေဆိပ်ကနေ အပြင်ကိုကားနဲ့သယ်ထုတ်လာရင်း လူကူးတံတားအောက်မှာ ညပ်မိသွားခဲ့တဲ့ လေယာဥ်တစ်စင်းရဲ့ ရုပ်သံဖိုင်

//s9.kh1.co/a7/a77a03ce836ebf5eb878d205b93d86fe3bfd4267.jpg
နေ့စဉ်သတင်းများ

 ၀၇-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယနိုင်ငံမှာ အောက်တိုဘာလ (၆)ရက်နေ့က လူကူးတံတားအောက်ဘက်မှာ လေယာဥ်တစ်စင်းညပ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါဖြစ်စဥ်ရဲ့ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ အချိန်အတိုတွင်း ရေပန်းစားခဲ့ပါတယ်။ နယူးဒေလီလေဆိပ်ကနေ အသုံးမပြုတော့တဲ့ လေယာဥ်အဟောင်းတစ်စင်းကို လေဆိပ်အပြင်ဘက်သို့ ကားနဲ့ သယ်ထုတ်နေရင်း လူကူးတံတားအောက်အရောက်မှာ ညပ်မိသွားတာ ဖြစ်ပါတယ်။

Photo Credit - ABA
Photo Credit - ABA

ရုပ်သံဖိုင်ထဲမှာတော့ အဆိုပါ လေယာဥ်ဟောင်းကြီးကို တောင်ပံတွေဖြုတ်ထားပြီး ကားနဲ့သယ်ဆောင်လာတာ ဖြစ်ပါတယ်။ လေယာဥ် သယ်ဆောင်လာတဲ့ လမ်းမကြီးပေါ်မှာလည်း ကားတွေအဆက်မပြတ်သွားတာ တွေ့မြင်ရပါတယ်။ ရုပ်သံဖိုင်ကို ဖော်ပြခဲ့တဲ့ နိုင်ငံသတင်းတွေထဲမှာတော့ ဒီလေယာဥ်ကြီးဟာ Air India လေကြောင်းလိုင်းမှာ မှတ်ပုံတင်ထားတဲ့ လေယာဥ်ဖြစ်ပေမယ့် လက်ရှိမှာ ဖျက်သိမ်းခဲ့ပြီး အခြားသူကို ရောင်းချထားကြောင်း ဖော်ပြထားပါတယ်။

Photo Credit - ABA
Photo Credit - ABA

ဝယ်ယူခဲ့တဲ့ ပိုင်ရှင်သစ်ကတော့ ယမန်နေ့က နယူးဒေလီလေဆိပ်ကနေ သယ်ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။ Air India လေကြောင်းလိုင်းကတော့ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ၎င်းတို့နဲ့ မသက်ဆိုင်ကြောင်းကိုလည်း ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ တံတားအောက်ညပ်သွားခဲ့တဲ့ လေယာဥ်ဟောင်းကြီးကို အချိန်အတော်ကြာ ထုတ်ခဲ့ရပြီး လေယာဥ်အပေါ်ပိုင်းတချို့ကတော့ ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်Source - ABC

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T