တစ်ဖက်ကမ်းကို ဇက်နဲ့ဖြတ်ကူးနေရင်း ကားရောလူတွေပါ မြစ်ထဲမျောပါသွာခဲ့လို့ လူသေဆုံးမှုပါဖြစ်သွားခဲ့တဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်တစ်ခု

//s9.kh1.co/7f/7fbd2449d099ec5341048abd53499e7d18c7e00f.jpg
နေ့စဉ်သတင်းများ

 ၀၅-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

အင်ဒိုနီးရှားနိုင်ငံ Sulawesi ခရိုင်အရှေ့တောင်ဘက် Kendari မြို့မှာ ဖြစ်သွားခဲ့တဲ့ မိသားစုတစ်စုရဲ့ စိတ်မကောင်းစရာ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးကတော့ အင်ဒိုနီးရှားပြည်သူတွေကြားမှာ တုန်လှုပ်စရာလည်း ဖြစ်ခဲ့ရပါတယ်။ ဒါကတော့ အိမ်စီးကားတစ်စီးဟာ ကိုနာဝီမြစ်ကိုဖြတ်ဖို့အတွက် တစ်ဖက်ကမ်းကို ဇက်နဲ့ကူးသွားခဲ့ကြတာဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ဇာက်နဲ့ ကူးနေရင်း ရေလယ်ကိုမရောက်သေးခင် အဆိုပါ အိမ်စီးကားဟာ မြစ်ထဲကိုထိုးကျသွားပြီး ရေစီးနဲ့အတူ မျောပါသွားခဲ့ပါတယ်။ စိတ်မကောင်းစရာက မြစ်ထဲမျောသွားတဲ့ အိမ်စီးကားထဲမှာ မိသားစု (၈) ဦး ပါသွားခဲ့ပါတယ်။ ဇက်သမားတွေကတော့ မျောပါသွားတဲ့ ကားကို အလျင်အမြန် လိုက်လံဆယ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ကားအနားကို အရောက်မှာ မျောပါသွားတဲ့ မိသားစု (၈) ဦးထဲက ကလေးငယ်အပါအဝင် (၅)ဦးကိုသာ ကားထဲကနေ ကယ်ထုတ်နိုင်ခဲ့ပြီး ကျန် (၃) ဦးဟာ ကားနဲ့အတူ မြစ်ထဲနစ်မြုပ် ပျောက်ဆုံးသွားခဲ့ရှာပါတယ်။ ဒီဖြစ်ရပ်လေးကတော့ ပြီးခဲ့တဲ့ လပိုင်းကဖြစ်သွားခဲ့တာလို့ သိရပါတယ်။ ကြည့်မိသူတိုင်း သဲထိပ်ရင်ဖိုဖြစ်ခဲ့တဲ့ စိတ်မကောင်းစရာ ဒီရုပ်သံဖိုင်လေးကို ပရိသတ်တွေလည်း ပြန်လည် ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T