ရေကြီးနေတာကို ဆိုင်မပိတ်ဘဲ ရေလှိုင်းတွေကြားမှာ ဖွင့်ထားတဲ့ ထိုင်းနိုင်ငံက သဲထိပ်ရင်ဖို ကော်ဖီဆိုင်လေး

//s9.kh1.co/15/15cf76c5a6de756a229f2dcc094118b73d07079f.jpg
နေ့စဉ်သတင်းများ

 ၀၅-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မုန်တိုင်းဝင်ရောက်မှုကြောင့် ပြည်နယ်တော်တော်များများမှာ စံချိန်တင် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ယခုတစ်ခါ ရေကြီးမှုဟာ ၂၀၁၁ ခုနှစ်က ရေကြီးမှုထက် ကျော်လွန်ပြီး ပိုမိုဆိုးရွားခဲ့တယ်လို့ သိရပါတယ်။ ရေကြီးမှုကြောင့် အိမ်ခြေပေါင်း (၁၄၀၀၀) နီးပါးလောက် ရေဘေးသင့်ခဲ့တယ်လို့ ထိုင်းနိုင်ငံသဘာဝ ဘေးအန္တရယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနကလည်း ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - ChaoprayaAntiqueCafe
Photo Credit - ChaoprayaAntiqueCafe

တချို့ပြည်နယ်တွေမှာတော့ တောင်ပြိုလမ်းပိတ်၊ တံတားကျိုး၊ လမ်းမကြီးရော လမ်းသွယ်တွေပါ ပိတ်ဆို့ကာ လူနေအိမ်တွေ၊ ကားနဲ့ဆိုင်ကယ်တွေ၊ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ရေကြီးနေတဲ့ နေရာတွေမှာ ပိတ်မိနေတဲ့ ပြည်သူအများအပြားကိုလည်း အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီလို ရေကြီးမှုတွေဖြစ်ပေါ်နေတဲ့ ကြားကနေ ဖွင့်ထားတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဟာ ထိုင်းလူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသွားခဲ့ပါတယ်။

Photo Credit - ChaoprayaAntiqueCafe
Photo Credit - ChaoprayaAntiqueCafe

ဒီဆိုင်လေးကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နွံ့ထဘူရီရှိ ကျောက်ဖုရားမြစ်ဘေးမှာဖွင့်ထားတဲ့ " บ้านท่าน้ำนนท์ Chaopraya antique Cafe" ကော်ဖီဆိုင်ပဲဖြစ်ပါတယ်။ နာမည်ကြီးသွားရတဲ့ အကြောင်းမှာ ကျောက်ဖုရားမြစ်ရေကြီးတာကြောင့် ဆိုင်ဟာ ရေနစ်မြုပ်နေပေမယ့်လည်း မပိတ်ဘဲ ရေလှိုင်းတွေကြားမှာ မရမက ဖွင့်ထားတာကြောင့် ထိုင်းလူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ ကော်ဖီလာသောက်ကြတဲ့ Customer များဟာ ရေလှိုင်းတွေရိုက်ခတ်လာတဲ့အချိန် သဲထိပ်ရင်ဖိုနဲ့ ထိုင်ခုံတွေပေါ်တက်နေကြတာကတော့ ကြည့်မိသူတိုင်း စိတ်လှုပ်ရှားစရာ ဖြစ်ရပါတယ်။

သတင်း အရင်းအမြစ်Source - ChaoprayaAntiqueCafe

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T