စပိန်နိုင်ငံ Bilbao မြို့ Nervion မြစ်ထဲမှာ မက္ကဆီကန်အနုပညာရှင် ရုဘန်အိုရိုဇကိုက သူ ဖန်တီးပြုလုပ်ထားတဲ့ ဧရာမမိန်းကလေးရုပ်ထုကြီးတစ်ရုပ်ကို ပြသထားခဲ့ပါတယ်။ အဆိုပါ မိန်းကလေးရုပ်ထုကြီးကိုတော့ "Bihar" လို့နာမည်ပေးထားပြီး ရေနစ်နေဟန် ပုံစံဖြင့် ထုဆစ်ထားတာတွေ့ရပါတယ်။ ရေနစ်နေဟန်မိန်းကလေးရုပ်တုကြီးဟာ ဒေသခံတွေ တောင်မသိလိုက်ဘဲ Bilbao မြို့ထဲမှာ ရှိခဲ့တာဖြစ်ပါတယ်။
"Bihar" ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ကတော့ "မနက်ဖြန်"လို့ ဆိုပါတယ်။ ဒီရုပ်ထုကြီးဟာ Nervion မြစ်ရဲ့ ဒီရေအတက်အကျပေါ်လိုက်ပြီး ရေပေါ်၊ရေအောက် ပေါ်လိုက်မြုပ်လိုက်ဖြစ်ကာ ရေနစ်နေဟန်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ Nervion မြစ်ထဲက "Bihar" ဆိုတဲ့ ရုပ်ထုကြီးနဲ့ပတ်သက်ပြီး "သူမရဲ့မျက်နှာရေပေါ်ကိုပေါ်လာတာကို မြင်တွေ့ရတာက ကျွန်မကို စိတ်ကျဉ်းကျပ် စေပါတယ်.... ရုပ်တုကိုကြည့်ရတာ ဝမ်းနည်းမှုတွေကို ခံစားရနိုင်ပါတယ်" လို့ဒေသခံ တစ်ယောက်က ဆိုထားပါတယ်။
ရေနစ်နေတဲ့ မိန်းကလေးရုပ်တုကြီး "Bihar" ဟာ Bilbao မြို့တော်နေ ပြည်သူတွေအတွက် ပထမဆုံး အံ့သြစရာရုပ်တုတစ်ခုတော့ မဟုတ်ပါဘူးလို့ သိရပါတယ်။ လွန်ခဲ့တဲ့(၂)နှစ်လောက်ကလည်း ဘန့်ခ် ပန်းခြံ ထဲမှာအမျိုးသမီးတစ်ယောက်တည်း ထိုင်နေတဲ့ရုပ်တုနဲ့အတူ သက်ကြီးရွယ်အိုများရဲ့ အထီးကျန်မှုကို အသိပညာပေးခဲ့ပါသေးတယ်။ ဒေသခံတွေကတော့ "Bihar"ရုပ်တုကြီးရဲ့ မူလရည်ရွယ်ချက်ကို မသိသေးခင်က သူတို့ရဲ့ ထင်မြင်ချက်အသီးသီးကို မှတ်ချက်ပေးခဲ့ကြပါတယ်။
သတင်း အရင်းအမြစ်៖ Source - Reuters Pictures