လူကူးခုံးကျော်တံတား ပြိုကျမှုကြောင့် မြေသယ်ယာဥ်(၁)စီး ပိမိပြီး လူသေဆုံးမှုပါဖြစ်ပေါ်စေခဲ့တဲ့ ထိုင်းနိုင်ငံကဖြစ်ရပ်

//s9.kh1.co/8b/8b8fec25c41c82e07f3f67f262a36fe719f17b87.jpg
နေ့စဉ်သတင်းများ

 ၀၁-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်၊ မြို့ပတ်လမ်းသစ် ၊ဖတ်ထရဝိထယားကျောင်းရှေ့မှာ လူကူးခုံးကျော်တံတားတစ်ခု မြေသယ်ယာဥ်ပေါ်သို့ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံသတင်းများက ဖော်ပြလာခဲ့ပါတယ်။ ယင်းဖြစ်စဥ်မှာ စက်တင်ဘာ (၃၀) ရက်၊ မနက် (၁၁)နာရီကျော်လောက်မှာဖြစ်သွားခဲ့ပြီး ခုံးကျော်ကွန်ကရစ်တံတားပြိုကျမှုကြောင့် အောက်မှာရှိတဲ့ မြေသယ်ယာဥ်(၁)စီး ပိမိကာ ယာဥ်ပေါ်လိုက်ပါလာသူ (၂)ယောက်ကတော့ နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

Photo Credit - One 32
Photo Credit - One 32
Photo Credit - One 32
Photo Credit - One 32

ဖြစ်စဥ်နဲ့ပတ်သက်ပြီး တိုင်ကြားချက်အရ ချက်ချင်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ မဲဆောက်ရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။"ကားခေါင်းထဲမှာတော့ သေဆုံးနေတဲ့ ယာဉ်မောင်းသမားနဲ့ ဘေးကထိုင်လိုက်လာတဲ့ အလုပ်သမား (၁) ဦးတို့ကို တွေ့ရပြီး အမည်ကိုတော့ စုံစမ်းဆဲပဲလို့" ရဲတပ်ဖွဲ့ကဆိုထားပါတယ်။ ခုံးကျော်တံတား ပြိုကျရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲလို့လည်း ဖော်ပြထားပါတယ်။

Photo Credit - One 32
Photo Credit - One 32
Photo Credit - One 32
Photo Credit - One 32

မျက်မြင်ကိုယ်တွေ့များရဲ့ ပြောဆိုချက်တွေအရ အဆိုပါ ကားသမားတွေက ထိုင်းလူမျိုးတွေဖြစ်ပြီး မြေသယ်လာရာမှ မြေချပြီး ကားနောက်ဘော်ဒီကို ပြန်ချဖို့ မေ့ခဲ့တာကြောင့် ခုံးကျော်တံတားအား အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့တာဟု ပြောဆိုထားကြပါတယ်။ အဆိုပါ တံတားဟာ ညနေညခင်းတွေမှာ အများပြည်သူများက အလှဓာတ်ပုံများ တတ်ရောက် ရိုက်ကူးနေတတ်တဲ့ တံတားတစ်ခုဖြစ်ကြောင်း သိရပါတယ်။

Photo Credit - One 32
Photo Credit - One 32
Photo Credit - One 32
Photo Credit - One 32

သတင်း အရင်းအမြစ်Source - One 32

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T