နွားရောင်းပြန်လာတဲ့သူကို ဓားပြတိုက်ခဲ့တဲ့ လူငယ်တွေအား ညတွင်းချင်း ရွာသားတွေ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ်က ဖြစ်ရပ်လေး

//s9.kh1.co/06/06820e7d6d6746b812be0f4c1ea0f27402428ba4.jpg
နေ့စဉ်သတင်းများ

 ၀၁-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်ကာလအတွင်း မြို့နယ်တချို့တွေမှာ နိုင်ငံရေး အခြေအနေဖြစ်ပေါ်နေတာကို အခွင့်ကောင်းယူပြီး ခိုးမှု၊ လုယက်တွေအပြင် စီးပွားရေးလုပ်ငန်းရှင်တချို့ကို ခြိမ်းခြောက်စာတွေပို့ပြီး ငွေတောင်းတာတွေလည်း ပိုမိုရှိလာခဲ့ပါတယ်။ စက်တင်ဘာ (၂၉) ရက်နေ့ကလည်းရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ်မှာ ဓားမြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဓားမြတိုက်သူ (၆)ဦးက (၅)ကိုလည်း မန်ပြိန်းရွာသားများက ညတွင်းချင်း ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လူ(၆)ဦးဟာ စက်တင်ဘာ (၂၉) ရက် ည (၇) နာရီလောက်မှာ ကွတ်ခိုင်မြို့ကနေ နွားရောင်းပြီးပြန်လာတဲ့ မန်ပြိန်းရွာခံ တောင်သူ (၂) ယောက်ကို ကွတ်ခိုင် - သိန္ဒီ ကားလမ်း (၃၈) မိုင်နေရာအနီးမှာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး နွားရောင်းရတဲ့ ပိုက်ဆံတွေကို ဓားပြတိုက်ခဲ့တာဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဓားမြတိုက်ခံရသူ မန်ပြိန်းရွာသား (၂) ဦးက ချက်ချက်း ရွာကိုဖုန်းဆက်အကူအညီ တောင်းခဲတာကြောင့် ရွာသားတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဓားပြတိုက်တဲ့အဖွဲ့ ခေါင်းဆောင်(၁)ဦးကတော့ လွှတ်မြောက်သွားကြောင်းလည်း သိရပါတယ်။ ဖမ်းဆီးထားတဲ့ ဓားပြ (၅)ဦးကို ရွာမှာ တစ်ညချုပ်နှောင်ခဲ့ပြီး ယမန်နေ့မနက်က ကွတ်ခိုင်မြို့နယ် ရဲစခန်းကို လွှဲပေးလိုက်ကြောင်းသိရပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T