နယ်စပ်တံတားပိတ်ထားလို့ ချောင်းကိုဖြတ်ကူးပြီး မြန်မာနိင်ငံသားတစ်ယောက်ရဲ့အလောင်းကို ခက်ခက်ခဲခဲ သယ်ယူခဲ့ရတဲ့ ရင်နင့်စရာအဖြစ်

//s9.kh1.co/32/32e14bd14e4e434268dbf1e99f8ed322b77cd97b.jpg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုဗစ်ရောဂါကူးစက်မှု ဖြစ်ပေါ်ချိန်ကတည်းက မြန်မာပြည်အတွင်း လမ်းပန်းဆက်သွယ်ရေး တချို့ပိတ်ထားခဲ့ရသလို နှစ်နိုင်ငံ နယ်စပ်ဒေသတွေက ဝင်ပေါက်ထွက်ပေါက် ဂိတ်များကိုလည်း ကာလကြာရှည်စွာ ပိတ်ထားခဲ့ရပါတယ်။ ဒီလိုပိတ်ထားတာတွေကြောင့် နယ်စပ်ဖြတ်ကျော်သွားလာနေကြတဲ့ ပြည်သူတွေအတွက် အခက်ခဲ တွေရှိလာခဲ့ပါတယ်။ ယခုနောက်ပိုင်း တရုတ် ၊ ထိုင်း နယ်စပ်ကဂိတ်တွေ ပြန်လည်ဖွင့်နေပေမယ့် အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်တံတားကတော့ လက်ရှိအချိန်ထိပိတ်ထားဆဲပဲ ဖြစ်ပါတယ်။

Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen

ရိခေါ်ဒါရ်တံတားဟာ အိန္ဒိယ - မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာရှိပြီး အဆိုပါတံတားကို ကိုဗစ်မပေါ်ခင်ကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးအရ ကူးသန်းရောင်းဝယ်ရေးနဲ့ လူမှုရေးအခြေအနေတွေကိုတော့ တံတားအောက်က ချောင်းကိုဖြတ်ပြီး သွားလာလှုပ်ရှားနေကြရပါတယ်။ အဆိုပါချောင်းဟာ နွေရာသီအချိန်ဖြတ်ကူးရတာ အဆင်ပြေပေမယ့် မိုးရာသီကာလတွေမှာတော့ အလွန်းခက်ခဲလှပါတယ်။

Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen

ယခုမှာလည်း အဆိုပါ ရိခေါ်ဒါရ်တံတားပိတ်ထားခဲ့လို့ စိတ်မကောင်းစရာအဖြစ်လေးတစ်ခု လူမှုကွန်ယက်မှာ တွေ့မြင်ရပါတယ်။ ဒါကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ သေဆုံးတဲ့ မြန်မာနိင်ငံသားတစ်ယောက်ရဲ့အလောင်းကို စေတနာရှင် တီအိုးချောင်းလူငယ်တွေက ချောင်းဖြတ်ကူးပြီး ခက်ခက်ခဲခဲ သယ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီမြင်ကွင်းတချို့ကတော့ ပြည်သူတွေကြားမှာလည်း များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

Photo Credit - Zalen
Photo Credit - Zalen

သတင်း အရင်းအမြစ်Source - Zalen

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T