ဒီလိုခက်ခဲနေတဲ့ကာလမှာ စားဝတ်နေရေးအတွက် သက်ကြီးရွယ်အို အဘိုး၊အဘွားတွေလည်း မနည်းရုန်းကန်နေရတာပဲဖြစ်ပါတယ်။တချို့အဘိုးအဘွားတွေဆိုရင် အားကိုးစရာကျောထောက်နောက်ခံတောင်မရှိဘဲအသက်အရွယ်နဲ့မမျှ စျေးရောင်းနေရတာပဲဖြစ်ပါတယ်။ဒီလို ရုန်းကန်နေရတဲ့ အဘိုးအဘွားတွေကို လမ်းသွားလာရင်း တွေ့တဲ့အခါ ပြည်သူတွေက တတ်နိုင်သလောက်ကူညီလှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။
စေတနာရှင်လူငယ်လေးတစ်ဦးဆိုရင် ခုနှစ်ရက်သားသမီးများရဲ့အလှူငွေတွေကို စုပေါင်းပြီး ခက်ခဲနေတဲ့ အဘိုး၊အဘွားတွေနဲ့ ပြည်သူတွေကို လှူဒါန်းပေးနေတာဖြစ်ပါတယ်။မိုးရွာရွာ၊နေပူပူ စားဝတ်နေရေးအတွက် လမ်းပေါ်ထွက်ပြီး စျေးရောင်းနေတဲ့အခါ တချို့ပြည်သူတွေက မလိုအပ်ပေမယ့်လည်း သူတို့ဆီကပစ္စည်းလေးတွေဝယ်ယူအားပေးကြတာဖြစ်ပါတယ်။မနေ့ကတော့ စေတနာရှင်လူငယ်လေးက အဘိုးတစ်ဦးကို အလှူဒါနပြုခဲ့တာဖြစ်ပါတယ်။
အဘိုးကတော့ လမ်းဘေးလေးမှာ အထုတ်လေးတစ်ထုတ်နဲ့ ထိုင်ပြီး တောင်းရမ်းနေတာဖြစ်ပါတယ်။လူငယ်လေးလည်း အဘိုးကိုတွေ့တဲ့အခါ ပိုက်ဆံ (၁၀၀၀၀)တန် နှစ်ရွက်လှူပေးလိုက်တာဖြစ်ပါတယ်။အဘိုးကတော့ "အကြွေနဲ့သောင်းတန် မှားထည့်တာလား"ဆိုပြီးအံ့ဩစွာနဲ့မေးခဲ့တာဖြစ်ပါတယ်။ဘဝမှာတစ်ခါမှမရဖူးတဲ့ တစ်သောင်းတန် (၂)ရွက်ကို ရရှိခဲ့တာကြောင့် ပြုံးပျော်ရွှင်နေတဲ့ အဘိုးကိုကြည့်ပြီး စေတနာရှင်လူငယ်လေးလည်းပီတိဖြစ်ခဲ့ရတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder