ညောင်ရွှေမြို့နယ်ရှိ ကျောက်ဖြူကြီးရုပ်ပွားတော်မြတ်ရဲ့နှုတ်ခမ်းတော်မှာ ထူးဆန်းစွာ ပျားစွဲကပ်နေတဲ့ မြင်ကွင်းပုံရိပ်များ

//s9.kh1.co/fd/fd7bccb9e4c56e76227fc4a8b38a36546f6184d3.jpg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ညောင်ရွှေမြို့နယ်ရှိ ကျောက်ဖြူကြီးရုပ်ပွားတော်မြတ်ရဲ့နှုတ်ခမ်းတော်မှာ ထူးဆန်းစွာ ပျားစွဲကပ်နေတဲ့ မြင်ကွင်းပုံရိပ်များ

ကျောက်ဖြူကြီးရုပ်ပွားတော်မြတ်ကိုတော့ ရှမ်းပြည်နယ်ရှိ ညောင်ရွှေမြို့တောင်ဘက် တစ်မိုင်ခန့်ကွာဝေးတဲ့ နန်းသဲကျေးရွာမှာ တည်ထားကိုးကွယ်ထားတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကျောက်ဖြူကြီးရုပ်ပွားတော်မြတ်ရဲ့နှုတ်ခမ်းတော်မှာ ထူးဆန်းစွာ ပျားစွဲနေကြောင်း သိရှိရတာ ဖြစ်ပါတယ် ။ ဒီသတင်းကြောင့် အနီးအနားဝန်းကျင်ကနေ လာရောက်ဖူးမြော်သူတွေ အနည်းငယ်ရှိလာခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဘုရားရင်ပြင်တော်ရဲ့မြောက်ဘက်ရှိ ပိတောက်ပင်ကနေ ပျားအိမ်တွေပြောင်းရွှေ့လာခဲ့တာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၅)ရက်နေ့ကတည်းက ကျောက်ဖြူကြီးရုပ်ပွားတော်မြတ်ကြီးမှာ ပျားစတင်စွဲကပ်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ကျောက်ဖြူကြီးရုပ်ပွားတော်မြတ်ရဲ့နှုတ်ခမ်းတော်မှာ ပျားစွဲကပ်နေတာကို အထင်အရှားမြင်တွေ့နေရတာလည်း ဖြစ်ပါတယ် ။ ဒီလိုဖြစ်ရပ်မျိုး အရင်ကမဖြစ်ဖူးတာကြောင့် ပြည်သူတွေက သူတို့ရဲ့ထင်မြင်ချက်တွေကို ပြောပြနေကြတာ ဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader

ပြည်သူတစ်ချို့ကလည်း အခုလိုမျိုး ဘုရားရုပ်ပွားတော်မြတ်ရဲ့နှုတ်ခမ်းတော်မှာ ပျားစွဲကပ်ခြင်းက ကောင်းတဲ့နမိတ်ဖြစ်ကြောင်း ပြောဆိုနေကြသလို တစ်ချို့ကလည်း ပျားတွေရဲ့သဘာဝအရသာ အခုလိုပျားအိမ်ဖွဲ့တာဖြစ်နိုင်ကြောင်း တစ်ယောက်တစ်မျိုးစီ မှတ်ချက်ပေးနေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဒီသတင်းက လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေသူများပြားခဲ့ပြီး ပြည်သူတွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ် ။ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ ကျောက်ဖြူကြီးရုပ်ပွားတော်မြတ်ရဲ့ နှုတ်ခမ်းတော်မှာ ထူးဆန်းစွာ ပျားစွဲနေတဲ့မြင်ကွင်းပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T