ဒါယကာ၊ဒါယိကာမတွေက ကြည်ညိုလို့လှူဒါန်းထားကြတဲ့ လှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ပြန်လည်စွန့်ကြဲခဲ့တဲ့ မဟာဗောဓိမြိုင်ဆရာတော်

//s9.kh1.co/5a/5a374032081e7a51038f3c5a04b6f245bd7bfcf7.jpeg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဒါယကာ၊ဒါယိကာမတွေက ကြည်ညိုလို့လှူဒါန်းထားကြတဲ့ လှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ပြန်လည်စွန့်ကြဲခဲ့တဲ့ မဟာဗောဓိမြိုင်ဆရာတော်

ပြည်သူများသာမကဘဲ သံဃာတော်များကပါ ကြည်ညိုလေးစားရတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့ဝါတွင်းသုံးလပတ်လုံး ဆွမ်းခံကြွလေ့ရှိပါတယ်။အဲ့ဒီဆွမ်းခံကြွတဲ့ရက်တွေမှာ ဒါယကာ၊ဒါယိကာများနဲ့သံဃာတော်အပေါင်းက ကြည်ညိုစွာဖူးမြော်ကြပြီး ဆွမ်းလောင်းလှူကြတာဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ကန့်ဘလူမြို့နယ်၊မြေမွန်ကျေးရွာအုပ်စု၊ဉေယျဓမ်တောရကျောင်းတွင် သီတင်းသုံးနေထိုင်တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာတော်ဘုရားကြီး ဆွမ်းခံကြွချီတဲ့မနက် (၇)နာရီကို ရပ်ဝေး၊ရပ်နီးမှ ဒါယကာ၊ဒါယိကာမများက အရောက်လာပြီး ဖူးမြော်ကြတာဖြစ်ပါတယ်။သက်တော် (၈၀)ကျော်သွားပြီဖြစ်တဲ့ ဆရာတော်ဘုရားကြီးက သီလ၊သမာဓိနဲ့ပြည့်စုံနေတာဖြစ်လို့ အသွားအပြန်ခြေရာတောင် တစ်ထပ်တည်းကျတာဖြစ်ပါတယ်။ကြည်ညိုဖွယ်ရာကောင်းတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုကလည်း လှူဖွယ်ပစ္စည်းများစွာ ဆပ်ကပ်လှူဒါန်းကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လာဘ်လာဘပေါများတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကလည်း လှူဒါန်းကြတဲ့ လှူဖွယ်ပစ္စည်းများကိုလေးပြင်လေးရပ်ရှိ သံဃာတော်အရှင်သူမြတ်တို့ကို ပြန်လည်စွန့်ကြဲခဲ့တာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးရဲ့အလှူဒါနကို လှူဒါန်းကြတဲ့ ဒါယကာ၊ဒါယိကာမအပေါင်းတို့ကလည်း ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုနေကြတာဖြစ်ပါတယ်။သာသနာ့ဘောင်မှာ ဘုရားသားတော်အဖြစ်နေထိုင်ရင်း တရားအားထုတ်နေတဲ့ ဆရာတော်ကြီးရဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T