အသံထက်မြန်တဲ့ ဒုံးကျည်သစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့တဲ့ မြောက်ကိုရီးယား

//s9.kh1.co/7c/7c9483c85794c8841856c1a03f3c7794b50e6767.jpg
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြောက်ကိုရီးယား ကာကွယ်ရေး သိပ္ပံအကယ်ဒမီကနေ အသစ်တီထွင်ထုတ်လုပ်ထားတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်သစ် Hwasong-8 ကို Jagang ပြည်နယ် Ryongrim ကောင်တီ Toyang-ri မှာ စက်တင်ဘာ (၂၈) ရက် နံနက်ပိုင်းက စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။ ပထမအကြိမ် စမ်းသပ်ပစ်လွှတ်မှုမှာ ကာကွယ်ရေး သိပ္ပံပညာရှင်းများက ၎င်းဒုံးကျည်ရဲ့ လှုပ်ရှားမှုအပိုင်းကို ပျံသန်းထိန်းချုပ်နိုင်မှုနှင့်တည်ငြိမ်မှု၊ ဒုံးကျည်ထိပ်ဖူးရဲ့ လမ်းညွှန်ထိန်းချုပ်နိုင်မှုနှင့် ပျံသန်းနိုင်မှုစတဲ့ နည်းပညာစံချိန်စံညွှန်းများဟာ ရည်မှန်းချက်ကို ပြည့်မီကြောင်း ဆိုထားပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါ့အပြင် အဆိုပါ ဒုံးကျည် သုတေသနပြု တီထွင်ထားတဲ့ စီမံကိန်းဟာ မြောက်ကိုရီးယားရဲ့ ထိပ်တန်း ကာကွယ်ရေးနည်ပညာ အင်အားကို များစွာမြှင့်တင်ရာ မဟာဗျူဟာအရ အရေးပါကြောင်း KCNA က ဖော်ပြထားပါတယ်။ ဒီလက်နက်အား စမ်းသပ်မှုအောင်မြင်တဲ့အတွက် မြောက်ကိုရီးယားနိုင်ငံရဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာဟာ စက်တင်ဘာ (၁၅) ရက်နေ့ကလည်း ရထားတင် ပဲထိန်းဒုံးကျည် စမ်းသပ်မှုပစ်လွှတ်မှုအောင်မြင်ခဲ့ရာ သတ်မှတ်ထားတဲ့ အရှေ့ပိုင်းပင်လယ်ပြင် (၈၀၀) ကီလိုမီတာရှိ ပစ်မှတ်များကို အတိအကျ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာ (၁၁)ရက်နှင့် (၁၂)ရက်မှာလည်း မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက အသစ်တီထွင်ထားတဲ့ တာဝေးပစ် ခရုဇ်ဒုံးကျည်များကိုလည်း အသီးသီး စမ်းသပ်ပစ်လွှတ်ခဲ့ရာ အောင်မြင်ခဲ့ပါသေးတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - KCNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T