ရေတံခွန်မှာ ရေဆော့ကစားနေကြရင်း ရုတ်တရက် တောင်ကျရေတွေ ဒလဟောထိုးကျမှုကြောင့် လူ(၃)ဦး မျောပါသေဆုံးသွားခဲ့ရတဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်

//s9.kh1.co/d2/d2d7aa4cee0735406dd802115588d9de2bf8ce0f.jpg
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ဖိလစ်ပိုင်နိုင်ငံ Cebu မြို့နယ်မှာ လူ(၃)ဦးသေဆုံးသွားတဲ့အထိ ထိပ်လန့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်ပေါ်တွေ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကတော့ Cebu မြို့နယ်ရှိ အထင်ကရနေရာ တစ်ခုဖြစ်သလို ခရီးသွားပြည်သူတွေများစွာ လာရောက်အပန်းဖြေကြတဲ့ Tinubdan ရေတံခွန်မှာ စက်တင်ဘာ (၂၈) ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းပြီး ရေဆော့ကစားနေတဲ့ သူတွေ မျောပါသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - SanStar Cebu
Photo Credit - SanStar Cebu
Photo Credit - SanStar Cebu
Photo Credit - SanStar Cebu

ရုပ်သံဖိုင်မှာတော့ ကလေးငယ်(၁)ဦး အပါအဝင် လူ(၈)ဦးလောက်ဟာ ရေတံခွန်မှာ ဆော့ကစားနေရင်း တောင်ကျရေးများက ရုတ်တရက်ဆိုသလို ဒလဟောထိုးဆင်းလာခဲ့ပါတယ်။ တောင်ကျရေများကျလာချိန်မှာ အခြားသူတွေက အလျင်အမြန် ထွက်ပြေးသွားနိုင်ပေမယ့် လူ(၃)ဦးမျောပါသွားခဲ့တာကို တွေ့မြင်ရပါတယ် ။ စိတ်မကောင်းစရာကတော့ မျောပါသွားခဲ့တဲ့ လူ(၃)ဦးလုံးကို ကယ်ဆယ်ရေးသမားတွေက ပြန်လည်ရှာတွေ့ခဲ့ပေမယ့် လူတွေက သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားကြပါတယ်။

Photo Credit - SanStar Cebu
Photo Credit - SanStar Cebu
Photo Credit - SanStar Cebu
Photo Credit - SanStar Cebu

သေဆုံးသူ (၃)ဦးထဲမှာ အသက် (၃၇)နှစ်နဲ့ အသက် (၇)နှစ် သားအမိ(၂)ဦးလည်း ပါသွားခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ဖြစ်ပြီးနောက် တာဝန်ရှိသူတွေက သတိပေးချက်တွေထားရှိပေမယ့် ရေတံခွန်ကတော့ လက်ရှိအချိန်ထိ လည်ပတ်နေဆဲဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြထားပါတယ်။ ဒါ့အပြင် သေဆုံးသွားသူတွေအတွက် အစိုးရက P50,000 ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T