ဆိုးရွားလာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်မြန်မာက အာဆီယံနိုင်ငံတွေထဲမှာငွေကြေးဖောင်းပွမှု အမြင့်ဆုံးနိုင်ငံဖြစ်လာနေ - Myanmarload

ဆိုးရွားလာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်မြန်မာက အာဆီယံနိုင်ငံတွေထဲမှာငွေကြေးဖောင်းပွမှု အမြင့်ဆုံးနိုင်ငံဖြစ်လာနေ

https://s9.kh1.co/93/93b399127e6ee54e5d3053b09f26025ad09c8cd7.jpg
နေ့စဉ်သတင်းများ
 28-Sep-2021 3pm · 2 months ago

.

အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ အမြင့်ဆုံးဖြစ်လာနေတယ်လို့သိရပါတယ် ။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒဿမ ၂ ရာခိုင်နှုန်းဖြစ်ပါတယ် ။ အိမ်နီးချင်းနိုင်ငံများ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ထိုင်းနိုင်ငံအနေဖြင့် ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ဘရူနိုင်း ၁ ဒဿမ ၃ ရာခိုင်နှုန်း၊ စင်ကာပူ ၁ ဒဿမ ၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၁ ဒဿမ ၇ ရာခိုင်နှုန်း၊ အရှေ့တီမော ၂ ဒဿမ ၃ ရာခိုင်နှုန်း၊ မလေးရှား ၂ ဒဿမ ၅ ရာခိုင်နှုန်း၊ ဗီယက်နမ် ၂ ဒဿမ ၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီယား ၂ ဒသမ ၉ ရာခိုင်နှုန်း၊ လာအို ၃ ဒဿမ ၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၄ ဒဿမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/19/19cd0b1511dde8ba28b0a9353ce777de06d568ea.jpg
Photo credit-Original Uploader

လက်ရှိမြန်မာနိုင်ငံ၌ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ပြင်ပငွေကြေးလဲလှယ်သည့် စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၇၀၀ ကျော်အထိ မြင့်တက်နေပြီး ဒေါ်လာစျေးမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေစျေးနှုန်းမှာလည်း ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၁သိန်း‌ကျော်အထိ စံချိန်ချိုး မြင့်တက်လာနေပြီး စက်သုံးဆီစျေးနှုန်းမှာလည်း ယခင်ကစျေးထက် ၉၀ ရာခိုင်နှုန်းမြင့်တက်နေခြင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/f8/f8f34fce5404cd2edd462b1dcbfd2505d14abf15.jpg
Photo credit-Original Uploader
https://s9.kh1.co/__image/w=650,h=368,q=100/b8/b8d0b4ff025d200c90b88dea85b8f92531c3238b.jpg
Photo credit-Original Uploader

ဒါ့ပြင် ၂၀၂၁ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ GDP သည် ၁၈ ဒဿမ ၄ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်းလည်း အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားတာကိုတွေ့ရပါတယ်။ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာတာနဲ့အမျှ ပြည်သူတွေရဲ့ စား၀တ်နေရေးကလည်း တစ်ဆထက်တစ်ဆကြပ်တည်းလာမှာဖြစ်ပြီး အလုပ်လက်မဲ့နှုန်းတွေလည်းတိုးပွားလာမှာဖြစ်ကာ အငတ်ဘေးဆိုက်နိုင်တဲ့အထိ ဆိုးရွားလာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=1039,q=100/16/1640e3de9dde9db963878a8431f49dd29c74cfcd.jpg
Photo credit-Original Uploader

သတင်းအရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်ဆောင်းပါး