ရန်ကုန်မြို့လယ်ခေါင် ကားလမ်းမမှာ လက်နက်ကိုင်ပြီး လာသမျှကားတွေကို ပြဿာနာရှာကာ အကြမ်းဖက်ရမ်းကားနေတဲ့ လူတစ်စုရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/1c/1c839ef33f8589b8f889ec8abde9bf136e407286.jpeg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ဖေဖော်ဝါရီလတစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ပြည်တွင်းရေးမငြိမ်သက်မှုတွေကြောင့် တောင်ပေါ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြို့ပြဒေသတွေမှာလည်း သောင်းကျန်းရမ်းကားမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေနဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေအသက်ဆုံးရှုံးနေကြရသလို ဥပဒေမဲ့လုပ်ရပ်တွေဟာလည်း ပေါ်ပေါ်ထင်ထင်ကို ပြုမူလာကြတာ တွေ့ရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

တိုက်ပွဲတွေကြောင့် ပြည်သူတွေမှာ အသက်ဆုံးရှုံးမှုတွေနဲ့ စိုးရိမ်ထိတ်လန့်နေကြရပြီး လုယက်သတ်ဖြတ်မှုတွေနဲ့ အကြမ်းဖက်ရမ်းကားမှုတွေကြောင့်လည်း စိတ်မလုံခြုံဘဲ အကြောက်တရားတွေနဲ့ ပူပင်သောကရောက်နေကြရတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း လူအများသွားလာစည်ကားနေတဲ့အချိန် ရန်ကုန်မြို့လယ်ခေါင်မှာ လူတစ်စုဟာ လက်နက်ကိုင် ရမ်းကားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

သေနတ်ကိုင်ထားတဲ့ အကြမ်းဖက်လူတစ်စုဟာ ရန်ကုန်၊ ဆူးလေဘုရားရှေ့မှာ လာသမျှကားတွေကို ပြဿာနာရှာ သောင်းကျန်းရမ်းကားနေတာဖြစ်ပြီး ကားတွေကို သွားလာခွင့်မပြုခဲ့တာပါ။ အဆိုပါဖြစ်စဉ်ကြောင့် ပြည်သူတွေမှာ ထိတ်လန့်ကာ သွားလာရတာ အခက်အခဲဖြစ်ခဲ့ကြရတာကြောင့် ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို  Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://www.facebook.com/100010942608249/videos/355126883012303/

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T