အင်အား(၂၀၀)ခန့်ဖြင့် ထိုးစစ်ဆင်လာတဲ့ ရန်သူကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး အပြင်းအထန်တိုက်ခိုက်နေခဲ့တဲ့ ဒီးမော့ဆိုPDFတပ်ဖွဲ့ရဲ့ ဗီဒီယို

//s9.kh1.co/87/8754cb0e730346df1bb5e91e79a1b36746580dc2.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အင်အား(၂၀၀)ခန့်ဖြင့် ထိုးစစ်ဆင်လာတဲ့ ရန်သူကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး အပြင်းအထန်တိုက်ခိုက်နေခဲ့တဲ့ ဒီးမော့ဆိုPDFတပ်ဖွဲ့ရဲ့ ဗီဒီယို

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာလိုက်တဲ့နေ့က စတင်ပြီး ရန်သူကို အပြင်းအထန် တိုက်ခိုက်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပြီး ဒေသခံပြည်သူတွေလည်း အိုးအိမ်တွေကို စွန့်ခွာကာ စစ်ဘေးရှောင်နေကြပါတယ်။ ကယားပြည်နယ်မှာလည်း လွိုင်ကော် PDF၊ ဒီးမော့ဆို PDF / KA / KNDF / KG-Z စတဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တပ်ဖွဲ့တွေ ပူးပေါင်းပြီး ရန်သူကို တိုက်ခိုက်နေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စက်တင်ဘာလ(၂၅)ရက်နေ့ကတော့ ဒီးမော့ဆိုPDFတပ်ဖွဲ့ဟာ မဟာမိတ်တွေဖြစ်ကြတဲ့ လွိုင်ကော် PDF ၊ KA / KNDF တပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းပြီး ရန်သူကို အပြင်းအထန်တိုက်ခိုက်နေခဲ့ပါတယ်။ အင်အား (၂၀၀)ခန့်ဖြင့် ထိုးစစ်ဆင်လာတဲ့ ရန်သူကို ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာနဲ့ သေးဆူလဲကျေးရွာ အနီးနားမှာ ဒီးမော့ဆိုPDFတပ်ဖွဲ့က မနက်(၉)နာရီမှ စတင်ပြီး တိုက်ထုတ်နေခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါတိုက်ပွဲကြောင့် ပြည်သူတွေရဲ့နေအိမ်(၆)လုံးထက် မနည်းပျက်စီးခဲ့ကြောင်း သိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကုန်းသာကျေးရွာအနီးမှာ အပြင်းအထန်တိုက်ခိုက်ခဲ့တာကြောင့် ရန်သူ (၁၀)ဦးထက်မနည်းကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီးမော့ဆိုPDFအပါအဝင် ပြည်သူ့ရဲဘော်တွေအားလုံး ဘေးကင်းပြီး အောင်မြင်ကြစေဖို့ ပြည်သူတွေက ဆုတောင်းပေးနေကြပါတယ် ။ အင်အားများစွာနဲ့ ထိုးစစ်ဆင်လာတဲ့ ရန်သူကို တိုက်ထုတ်နေကြတဲ့ ဒီးမော့ဆိုPDFတပ်ဖွဲ့ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T