ပြန်ပေးသမားလေးဦးကိုပစ်သတ်ပြီးနောက် အလောင်းများကို မြို့အနှံ့မှာချိတ်ဆွဲပြသခဲ့တဲ့ တာလီဘန်တို့ရဲ့ ထိတ်လန့်ဖွယ်လုပ်ရပ်

//s9.kh1.co/b4/b49516a903b948c6e6ea0129f875e6e2bbc1ccff.png
နေ့စဉ်သတင်းများ

 ၂၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အာဖဂန်နစ်စတန်နိုင်ငံ၊ အနောက်ပိုင်းရှိ ဟီရတ်ပြည်နယ်တွင် ပြန်ပေးသမား (၄) ဦးဟာ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနှင့် သားဖြစ်သူတို့အား ပြန်ပေးဆွဲခဲ့ပြီး မြို့တွင်းမှခေါ်ထုတ်သွားရန် ကြိုးပမ်းချိန်တွင် ကင်းလှည့်သောတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြရာမှ ပြန်ပေးသမား လေးဦးစလုံး သေဆုံးသွားခဲ့ပါတယ်။ ဒီအကြောင်းကို ဟီရတ်မြို့၏ မြို့တော်ဝန်ဖြစ်သူမှ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။ တာလီဘန်တွေဟာ ပြန်ပေးသမားတွေကို ပစ်သတ်ပြီးနောက်မှာတော့ အလောင်းများကို မြို့လယ်ခေါင်တွင် ချိတ်ဆွဲပြသခဲ့ကြောင်းကို နိုင်ငံတကာသတင်းများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc

ဒီလိုလုပ်ရခြင်းအကြောင်းအရင်းဟာ “ တခြားပြန်ပေးသမားတွေကို သင်ခန်းစာပေးတဲ့အနေနဲ့ သူတို့ အလောင်းတွေကိုသယ်လာပြီး မြို့လယ်ခေါင်မှာ ချိတ်ဆွဲပြသလိုက်တယ် ” ဟု မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲအပြစ်ပေးသည်ဆိုပါစေဦး ဒီလိုမြင်ကွင်းမျိုးဟာ ကလေးသူငယ်နဲ့ ထိတ်လန့်တတ်သူတွေအဖို့တော့ တကယ့်ကိုသွေးပျက်စရာမြင်ကွင်းပါပဲ။ “ မြို့လယ်ခေါင်က Mostofiat Square မှာ စားစရာဝယ်နေတုန်း လူတွေစုဝေးဖို့ ကြေညာသံအကျယ်ကြီးကြားလိုက်ရတယ်။ အပြင်ထွက်လိုက်တာနဲ့ အလောင်းတလောင်းကို ထရပ်ကားတစ်စီးထဲကထုတ်လာပြီး ကရိန်းမှာချိတ်ပြီး ပြသလိုက်တာတွေ့တယ် ” ဟု မြို့နေလူတစ်ဦးမှ ပြောကြားချက်ကို ရိုက်တာသတင်းဌာနမှ ဖော်ပြထားခဲ့ပါ တယ်။ အခြားသော အလောင်း (၃) ခုကိုလည်း မြို့ရဲ့အခြားနေရာတွေမှာ ချိတ်ဆွဲပြသခဲ့ကြောင်းလည်း သိရပါတယ်။

Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc

ရာဇဝတ်သားတွေမှာလည်း သူတို့ရဲ့ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေရှိနေပေမယ့် တာဘီဘန်တို့ဟာ ရာဇဝတ်သားတွေကို ကြီးလေးတဲ့ပြစ်ဒဏ်ကိုသာချမှတ်တတ်ကြပါတယ်။ ဒီကိစ္စမှာလည်း နိုင်ငံတကာမှ ရှုံ့ချမှုများရှိနေသော်လည်း တာလီဘန်အစိုးရက ဓားပြမှုများ၊ လူသတ်မှုများ၊ ပြန်ပေးမှုများအပြင် နိုင်ငံတွင်းအဖြစ်များသော ရာဇဝတ်မှုများကို ပြင်းထန်ကြီးလေးသော အပြစ်ပေးမှုများဖြင့် ကိုင်တွယ်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။

Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc

သတင်း အရင်းအမြစ်HTY Information's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T