အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြလာတဲ့ Myanmar Police CDM

//s9.kh1.co/f1/f104f721e0e9cde341e4af0f9506b5369736d497.jpg
နေ့စဉ်သတင်းများ

 ၂၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပြည်သူ့ဘက်တော်သားတွေ စုစည်းထားတဲ့ Myanmar Police CDM ကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် သတင်းနဲ့ ပတ်သက်ပြီး ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါကတော့ သတင်းအစအန လုံးဝပျောက်ကွယ်သွားခဲ့တဲ့ သက်တော်စောင့် ချယ်ရီထက်ရဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဖော်ပြလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit - Myanmar Police CDM
Photo Credit - Myanmar Police CDM
Photo Credit - Myanmar Police CDM
Photo Credit - Myanmar Police CDM

ဒုရဲအုပ် ချယ်ရီထက်ဟာ ဖေဖော်ဝါရီလ (၁)ရက်ကနေ စတင်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးခံရချိန်မှာ ပြည်သူတွေကြား သတင်းအမျိုးမျိုးထွက်ပေါ်စေခဲ့ပါတယ်။ Myanmar Police CDM ဖော်ပြချက်တွေမှာ ဒုရဲအုပ် ချယ်ရီထက်က ဖေဖော်ဝါရီလ (၁)နေ့နောက်ပိုင်း နေပြည်တော်ရှိ ၎င်းရဲ့လိုင်းခန်းမှာပဲ အကျယ်ချုပ်ထိန်းသိမ်းခံရပြီး သတင်းဖျောက်ထားခဲ့တဲ့ခါ ယခု စတင်ဘာ (၂၁)ရက်နေ့မှာ အာဏာရှင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုထားပါတယ်။

Photo Credit - Myanmar Police CDM
Photo Credit - Myanmar Police CDM
Photo Credit - Myanmar Police CDM
Photo Credit - Myanmar Police CDM

လက်ရှိမှာတော့ ဒုရဲအုပ် ချယ်ရီထက်ကို မည်သည့်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မသိရှိခဲ့ပေမယ့် စတင်ဘာ (၂၃) ရက်နေ့တွင် အမှတ်(၁)မြို့မရဲစခန်း၊ နေပြည်တော်မှာ အာဏာရှင်လူတစ်စုဘက်က တရားလိုပြုလုပ်ကာ (၅၀၅- က) ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း Myanmar Police CDM က ဖော်ပြထားတာ တွေ့ရပါတယ်။ ဒုရဲအုပ် ချယ်ရီထက်ရဲ့ သတင်းနဲ့ပတ်သက်ပြီး လက်ရှိပြည်သူတွေကြားမှာ အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြတာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=954,q=100/37/372b078bec613da1e0efe63ca8502c43ab0090a2.jpg

သတင်း အရင်းအမြစ်Source - Myanmar Police CDM

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T