ထိုင်းနိုင်ငံကူးဖို့စွန့်စားခဲ့ပေမယ့် ပွဲစားကတောထဲမှာစွန့်ပစ်ထားခဲ့လို့ ဒုက္ခရောက်ပြီး (၄)ရက်တိတိ ထမင်းငတ်ခဲ့ရတဲ့ ပြည်သူများရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/80/80f3afd468bc13d8a27392db0ec5dd79efa807d6.jpeg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိအခြေအနေတွေမှာ ပြည်တွင်းရေး မငြိမ်သက်မှုတွေကြောင့် ပြည်သူတွေမှာ ဆင်းရဲဒုက္ခအပူမီးတွေနဲ့ အိုးအိမ်တွေစွန့်ပစ်ပြီး စစ်ဘေးရှောင်နေကြရတာတွေလည်း ရှိနေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်နိုင်ငံတွေထဲ မှောင်ခိုကူးသန်းပြီး သွားရောက်နေကြသူတွေမှာလည်း ဖမ်းဆီးခံရမှုတွေအပြင် ပွဲစားရဲ့လိမ်လည်မှုတွေကိုပါ ခံနေကြရတာ တွေ့ရပါတယ်။ 

Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၄)ရက်နေ့ကလည်း မနက်ပိုင်းအချိန်က ကန်ချနဘူရီခရိုင်၊ ဘန့်ကောင်ကျေးရွာမှာ ထိုင်းနိုင်ငံထဲ ခိုးဝင်ခဲ့ကြတဲ့ ပြည်သူတွေကို ဖမ်းဆီးရမိခဲ့ကြပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ကျား(၃)ဦး မ(၆)ဦး တို့ကို‌ မေးမြန်းကြည့်ရာ ပွဲစားက လာခေါ်မယ်ဆိုပြီး စွန့်ပစ်သွားတာကြောင့် ဘယ်မှမသွားဘဲ စောင့်ဆိုင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page

တောထဲမှာ အခက်အခဲတွေနဲ့ ကြောက်လန့်နေရပြီး (၄)ရက်တိတိ ဘာမှ မစားခဲ့ရဘဲ ပွဲစားကဘယ်အချိန်လာခေါ်မလဲဆိုပြီး စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ဖက်နိုင်ငံကို အလုပ်လုပ်ဖို့အတွက် လမ်းစရိတ်နဲ့ ပွဲစားခပေးကာ အသက်ကိုဖက်နဲ့ထုပ် စွန့်စားရပေမယ့်လည်း ပွဲစားတွေရဲ့ ကောက်ကျစ်ယုတ်မာမှုကြောင့် တောထဲမှာ ဒုက္ခပေါင်းစုံနဲ့ ထမင်းငတ်ခဲ့ကြရတာပါ။

Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page

သတင်း အရင်းအမြစ်ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T