တနင်္သာရီတိုင်းဒေသကြီးမှာပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲ - Myanmarload

တနင်္သာရီတိုင်းဒေသကြီးမှာပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲ

https://s9.kh1.co/49/497aea58758407ecb1ad3757a4ccd44c76cc4a52.jpg
နေ့စဉ်သတင်းများ
 20-Sep-2021 9am · a month ago

သင်တန်းသားတွေရဲ့ တက်ကြွနေပုံတွေကတော့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

စစ်ကောင်စီဟာ၂၀၂၁ ၊ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ မြန်မာနိုင်ငံကို အာဏာထိန်းချုပ်မှုများစတင်ပြုလုပ်ခဲ့ပါတယ်။ဤဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံဟာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ရသလို နိုင်ငံတကာကလည်း ဒီအရေးကိုစိတ်ဝင်စားခဲ့ကြပါတယ်။ပြည်သူများဟာ ဒီဖြစ်စဥ်ကြောင့် ဖေဖော်ဝါရီလမှစ ဆန္ဒပြသပိတ်စစ်ကြောင်းများကို ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/57/570b29495b3423c363ec36c08d3e004f78085135.jpg
Photo Credit From Myanmar Now
https://s9.kh1.co/__image/w=650,h=488,q=100/d7/d7cb0a834d886690a6b123d1dfc94a3986b87447.jpg
Photo Credit From Myanmar Now

သပိတ်စစ်ကြောင်းများကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပေမယ့် မတ်လမှ စ၍ သပိတ်စစ်ကြောင်းများဟာတောက်လျှောက် ဖြိုခွင်းခံခဲ့ရပါတယ်။ဒါ့အပြင် ဝရမ်းထုတ်ခံရသူများ၊ဖမ်းဆီးခံရသူများ၊အချုပ်အနှောင်ကျသူများအပြင် ကျဆုံးသူများပါရှိလာပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a0/a032dcee22e47f67aaca606a029a5dad94489127.jpg
Photo Credit From Myanmar Now
https://s9.kh1.co/__image/w=650,h=488,q=100/fa/fa3ca8e5ef9dc910b64bff3368caf7dc2322f381.jpg
Photo Credit From Myanmar Now

ထိုကာလမှစလို့ ပြည်သူအချို့ဟာ ပြည်သူအချင်းချင်းပြန်လည်ကာကွယ်နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သင်တန်းများသို့ ဝင်ရောက်လာကြပါတယ်။ထို သင်တန်းမှ ပြည်သူများအတွက်ကာကွယ်မှုအပြည့်အဝပေးနိုင်ရန် စစ်သင်တန်းများသင်ကြားကြပါတယ်။ယနေ့မှာလည်း ဒေါင်းမင်းစစ်ဆင်ရေး (TYC-PDF ) နှင့် ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DSPDF) တို့ရဲ့ PDF အလံတော်လွှင့်ထူ အလေးပြုခြင်း နှင့် PDF စစ်သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

https://s9.kh1.co/__image/w=650,h=474,q=100/65/65b5928067e8256ef13b9efb84c77c2884b8bfcc.jpg
Photo Credit From Myanmar Now
https://s9.kh1.co/__image/w=650,h=489,q=100/49/497aea58758407ecb1ad3757a4ccd44c76cc4a52.jpg
Photo Credit From Myanmar Now
https://s9.kh1.co/__image/w=650,h=418,q=100/cc/cc4036f63108064144fca468e17275bd630e7572.jpg
Photo Credit From Myanmar Now
Thandar Aung
Thandar Aung

ဆက်စပ်ဆောင်းပါး