လက်နက်ကြီးထိမှန်ပြီး နေအိမ်မီးလောင်ပြာကျသွားခဲ့တာကြောင့် ယူကျုံးမရဖြစ်ကာ ငိုကြွေးနေကြတဲ့ ဟားခါးမြို့က ပြည်သူတစ်ဦးရဲ့ ရုပ်သံဖိုင်

//s9.kh1.co/10/10989fb08b087e2ac7032880550ca4da4e300e57.jpg
နေ့စဉ်သတင်းများ

 ၁၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

ချင်းပြည်နယ်အတွင်းက မြို့နယ်တွေမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူ.ကာကွယ်ရေးတပ် CDF တွေနဲ့ အာဏာရှင်လက်အောက်ခံ တပ်တွေအကြား ထိတွေတိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်။ ယင်းတိုက်ပွဲတွေကြောင့်လည်း စစ်ဘေးရှောင်ပြည်သူတွေကလည်း သိန်းနဲ့ချီရှိလာခဲ့ပါတယ်။ ဒါ့အပြင် အပြစ်မဲ့ပြည်သူတချို့ ထိမှန်သေဆုံးတာတွေလည်း ရှိသလို နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload

လတ်တလောမှာလည်း အာဏာရှင်တပ်တွေက ချင်းပြည်နယ်အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပြီး တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့ပါတယ်။ ယမန်နေ့ စတင်ဘာလ (၁၈)ရက် ည (၇)နာရီခွဲလောက်မှာ ဟားခါးမြို့ ချင်းဦးစီးရပ်ကွက် ဘက်က ပစ်ခတ်သံများနဲ့ လက်နက်ကြီးပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုပေါက်ကွဲသံများနဲ့အတူ ရပ်ကွပ်ထဲက လူနေအိမ်တချို့ထိမှန်ခဲ့ပြီး မီးကူးစက်လောင်မှုကြောင့် အိမ်(၂)လုံး လောင်ကျွမ်းပျက်စီးသွားခဲ့တဲ့အပြင် ပြည်သူတချို့ပါ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload

ယနေ့မနက်ပိုင်းမှာတော့ လက်နက်ကြီး ထိမှန်ပြီး မီးလောင်သွားခဲ့တဲ့ နေအိမ်(၂)လုံးရဲ့ ရုပ်သံဖိုင်တစ်ခုဟာ ပျံ့နှံ့လာခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ မီးလာင်ကျွမ်းမှုကြောင့် နေအိမ်(၂)လုံးဟာ ရစရာမရှိအောင် ပျက်စီးနေပြီး ပြည်သူ(၂)ဦးကတော့ ယူကျုံးမရဖြစ်ကာ ငိုကြွေးနေကြတာ တွေ့ရပါတယ်။ ဒီရုပ်သံဖိုင်ဟာ ပြည်သူတွေကြားမှာ များစွာစိတ်မကောင်းဖြစ်ခဲ့ရတဲ့ မြင်ကွင်းတွေဖြစ်ခဲ့ပါတယ်။ မီးလောင်ပျက်စီးနေတဲ့ နေအိမ်ရဲ့ ရုပ်သံဖိုင်ကိုလည်း ပရိသတ်တွေ ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ် Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T