လတ်တလော နေရာဒေသတချို့တွေမှာ တိုက်ပွဲတွေပိုမိုဖြစ်ပွားလာခဲ့ပြီး လူနေအိမ်များပျက်စီးခဲ့ရတဲ့အပြင် လူသေဆုံးမှုတွေပါ ရှိလာခဲ့ပါတယ်။ စတင်ဘာလ(၁၈) ရက် ယမန်နေ့ကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့က စိတ်မကောင်းစရာ သတင်းတစ်ခုထပ်မံ ကြားသိရပါတယ်။ ဒါကတော့ ထန်တလန်မြို့အတွင်းက (၁)ရပ်ကွက်မှာ နှစ်ဖက်တပ်တွေ အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင်း လူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရပါတယ်။
အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ နေအိမ်များမီးလောင်ခဲ့တာကြောင့် ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကြားသိရပါတယ်။ ဒါ့အပြင် ထန်တလန်မြို့ TCBC အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် Pastor Biak Kolh လည်း မီးလောင်စဉ် မီးငြိမ်းဖို့သွားနေရင်း သေနက်ပစ်ခံရပြီး ကျောင်းလမ်းရပ်ကွက်လမ်းဘေးက သွေးအိုင်ထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
သင်းအုပ်ဆရာတော် Pastor Biak Kolh ကွယ်လွန်သွားချိန်မှာတော့ ဇနီးဖြစ်သူနဲ့ လူမယ်အရွယ် သားလေး(၂)ယောက်လည်း ကျန်ရှိနေခဲ့တယ်လို့ ကြားသိရပါတယ်။ ပိုပြီးစိတ်မကောင်းစရာ သတင်းကတော့သင်းအုပ်ဆရာတော် Pastor Biak Kolh ဟာ သေနက်အပစ်ခံရပြီး ကွယ်လွန်သွားချိန်မှာ ၎င်းရဲ့ ၎င်းဘယ်ဘက် လက်ချောင်းကိုဖြတ်ကာ လက်ထပ် ရွှေလက်စွပ်ကို ခိုးယူသွားကြတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။