လူရွှင်တော်ဦးမိုးဒီ၊ ဦးကံပွင့်၊ ဦးချစ်ချော၊ ဖိုးသဲနဲ့ မိုးစက်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အခက်အခဲဖြစ်နေတဲ့ မိုးမခရေလည်ပရဟိတ မိဘမဲ့ကျောင်းမှာ လိုအပ်တာတွေ လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။ ဆရာတော်ကြီးကျောင်းမှာ အလှူလေးတွေပြုလုပ်ရင်း ဆရာတော်ကြီး မွေးစားထားတဲ့ မောင်ကံကောင်းဆိုတဲ့ ကလေးငယ်လေးနဲ့ တွေ့ဆုံခဲ့ပြီး စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို ပြောပြလာပါတယ်။
ဖိုးကံကောင်းလေးကတော့ ပထွေးဖြစ်သူက ခေါင်းအုံးနဲ့ဖိသတ်ခဲ့ပေမယ့် သေကံမရောက် သက်မပျောက်ဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ရသူလေးပဲ ဖြစ်ပါတယ်။ ခေါင်းအုံးနဲ့ဖိသတ်ခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့တဲ့အနေနဲ့ မောင်ကံကောင်းဆိုပြီး ဆရာတော်ကြီးက နာမည်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကလေးဘဝမှာကတည်း လောကဓံရဲ့ ရိုက်နှက်မှုတွေနဲ့ ပထွေးဖြစ်သူရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ခံခဲ့ရတဲ့ မောင်ကံကောင်းလေးအတွက် အားလုံးက စိတ်မကောင်းဖြစ်ကြရသလို သနားကရုဏာတွေနဲ့ အချစ်ပိုကြတာလည်း ဖြစ်ပါတယ်။ မိုးမခရေလည်ပရဟိတကျောင်း ရဲ့ တည်နေရာကတော့ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်(၉၉) မိုင် (၄)ဖာလုံ ကညွှတ်ကွင်းမြို့ အနောက်ဘက် မိုးမခကျေးရွာတည်ရှိတာ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Moe Sat's Fb Acc