စက်တင်ဘာ(၁၄) ရက်နေ့မှာ United Nations (UN) မှ (၇၆) ကြိမ်မြောက် UN အထွေထွေညီလာခံကို ကျင်းပမှာဖြစ်ပါတယ်။ဒီညီလာခံမှတဆင့် Credentials Committee ကိုဖွဲ့စည်းကာ မြန်မာနိုင်ငံကိုယ်စားပြု မည်သူ့ကို UN တွင် အမြဲတန်းကိုယ်စားလှယ်အဖြစ် ဆက်လက်ပြီးခန့်အပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်မှာဖြစ်ပါတယ်။ဒါကြောင့် ပြည်သူများက သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် ဆက်လက်ပြီး အမြဲတန်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသင့်ကြောင့် UN နှင့် နိုင်ငံတကာမှ ခေါင်းဆောင်များ သိကြားလက်ခံလာအောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်သာ အတူရပ်တည်ပါမယ်ဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲကို အမေရိကန်၊အီတလီနိုင်ငံ၊ဂျပန်နိုင်ငံ၊ဘယ်လ်ဂျီယံနိုင်ငံ၊ကနေဒါနိုင်ငံ၊နယူးဇီလန်နိုင်ငံ၊အိုင်ယာလန်နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတွေမှာပါ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဆန္ဒထုတ်ဖော်ပြသနေကြောင်းဓာတ်ပုံတွေကိုလည်း ကြည့်ရှုခံစားလို့ရအောင်တင်ပြလိုက်ရပါတယ်။






