ကိုးကန့် MNDAA အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ယာဥ်မောင်းရဲ့ ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ပြီး မီးသင်္ဂြိုလ်ပေးခဲ့တဲ့ မြင်ကွင်းတချို့

//s9.kh1.co/f9/f9210c6b6d3fb38aeaf633675dc4ba510794fab4.jpg
နေ့စဉ်သတင်းများ

 ၁၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်တစ်လျှောက်မှာ အာဏာရှင်လူတစ်စုရဲ့ တပ်တွေနဲ့ ကိုးကန့် MNDAA တပ်တို့ကြား လတ်တလော ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာ တွေ့ရပါတယ်။ အဆိုပါ တိုက်ပွဲတွေမှာ အာဏာရှင်လူတစ်စုဘက်က အကျအဆုံးအများအပြားလည်းရှိခဲ့ပါတယ်။ စက်တင်ဘာလ (၁၀) ရက်နေ့ကတော့ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်-ပန်ဆိုင်းလမ်းရှိ လုံခန်ရွာအနီးနားလောက်မှာ အရပ်သားကားတစ်စီးကို ကိုးကန့် MNDAA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ယာဉ်မောင်း သေဆုံးသွားခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အဆိုပါ အရပ်သားကားဟာ ချောဆွဲခံရတာဖြစ်ပြီး အာဏာရှင်လူတစ်စုရဲ့ စားနပ်ရိက္ခာတွေကို သယ်ဆောင်လာတာကြောင့် ပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ဒါ့အပြင် သယ်ဆောင်လားတဲ့ စားနပ်ရိက္ခာတွေအပြင် ကားကိုပါ ကိုးကန့် MNDAA အဖွဲ့ က မီးရှို့ဖျက်စီးခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ယာဥ်မောင်းဟာ နမ့်ဖတ်ကာကျေးရွာက ပလောင်တိုင်းရင်းသားလူမျိုးဖြစ်ပြီး အသက် (၄၃)နှစ်ရှိ ဦးအိုက်လျန်ဖြစ်တယ်လို့ သတင်းများအရ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သေဆုံးသွားတဲ့ ရုပ်အလောင်းကိုတော့ မူဆယ်ဂရုဏာလူမှုကူညီရေး အသင်းက သွားရောက်သယ်ဆောင်ခဲ့ပြီး နမ့်ဖတ်ကာ လူမျိုးပေါင်းစုံသုဿာန်မှာ မီးသင်္ဂြိုလ်ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ယာဥ်မောင်းသေဆုံးရတာနဲ့ ပတ်သက်ပြီး တချို့ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ရှိလာခဲ့တာ တွေ့ရပါတယ်။ သေဆုံးသူ ယာဥ်မောင်းရဲ့ ရုပ်အလောင်းအား မီးသင်္ဂြိုလ်ပေးခဲ့တဲ့ မြင်ကွင်းတချို့ကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T