Covid ကာကွယ်ဆေး ထိုးသင့်မထိုးသင့်စဉ်းစားနေစဉ်မှာပဲ Covid Positive ဖြစ်ပြီး သေဆုံးသွားခဲ့ရတဲ့ အလယ်တန်းပြဆရာမတစ်ဦး

//s9.kh1.co/08/08732eeecd629c5f1069be19e21749e88cee7bc3.png
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

တစ်ကမ္ဘာလုံးမှာပျံ့နှံ့နေတဲ့ Covid 19 ရောဂါဆိုးကြီးဟာ လူ့အသက်ပေါင်းများစွာကို ခြွေယူခဲ့ပြီး ဒီနေ့မှာလည်း အမေရိကန်နိုင်ငံ Texas ပြည်နယ်က အသက် (၄၁) နှစ်အရွယ် Natalia Chansler ဆိုသူ အလယ်တန်းပြဆရာမတစ်ဦးဟာ Covid 19 ကာကွယ်ဆေးထိုးသင့်မထိုးသင့် စဉ်းစားနေစဉ်မှာပဲ Covid Positive ဖြစ်ပွားခဲ့ပြီး သုံးရက်အတွင်းမှာပဲ သေဆုံးသွားခဲ့တဲ့အကြောင်းကို သူမရဲ့အမဖြစ်သူ Annice Chansler က CNN သတင်းဌာနကို ပြောပြလာခဲ့ပါတယ်။ Texas ပြည်နယ်က လူအများစုဟာ နိုင်ငံရေးအမြင်နဲ့ပတ်သက်ပြီး အုပ်ချုပ်သူကို သဘောမတွေ့တာကြောင့် ကာကွယ်ဆေးထိုးဖို့ကို စိတ်မဝင်စားကြဘဲ Mask တပ်တာတွေလည်း သိပ်မရှိကြပါဘူး။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

တစ်ချို့ပြည်နယ်တွေမှာဆို ကာကွယ်ဆေးထိုးသူနည်းပါးလွန်းတာကြောင့် အစိုးရက ကာကွယ်ဆေးထိုးသူကို တစ်ယောက်ဒေါ်လာ (၅၀) ခန့်ပေးပြီး ထိုးခိုင်းနေရတာပါ။ သေဆုံးသွားတဲ့ ဆရာမ Natalia Chansler သြဂုတ်လ (၂၅) ရက်နေ့မှာစတင်ဖြစ်ပွားပြီး သြဂုတ်လ (၂၈) ရက်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ Covid 19 စတင်ဖြစ်ပွားစဉ်ကတည်းက အလုပ်ကိုမရပ်နားဘဲ လုပ်ကိုင်ခဲ့ရပြီး သူမ သေဆုံးခင် သုံးရက်အလိုထိကို အလုပ်လုပ်နေဆဲပါပဲ။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

သူမ ပိုးကူးခံရကြောင်းမိဘတွေကိုအသိပေးပြီးနောက် သုံးရက်အတွင်းမှာပဲ Covid 19 ရောဂါဆိုးကြီးရဲ့ နှိပ်စက်မှုတွေကြားမှာ အသက်ဆုံးရှုံးခဲ့ရတာပါ။ သူမ မသေဆုံးခင်မှာလည်း အသက် (၅၉) နှစ်အရွယ် David A ဆိုသူ ကျောင်းကဆရာတစ်ဦးလည်း ဆုံးပါးသွားခဲ့ပါသေး တယ်။ အလယ်တန်းကျောင်းကတော့ ယခုလို ဆရာများဆုံးပါးသွားတဲ့အပေါ် စိတ်မကောင်းဖြစ်ကြောင်းနဲ့ ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

သတင်း အရင်းအမြစ်CNN's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T