လစ်ဗျားမှာ ရေကြီးကြောင့် လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ဆွေမျိုးတွေက အပူတပြင်း ရှာဖွေနေ

//s9.kh1.co/a3/a3199fffd2ac49dc7cde0814aaa810fad8fe9942.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၇ လ က

လစ်ဗျားမှာ ရေကြီးကြောင့် လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ဆွေမျိုးတွေက အပူတပြင်း ရှာဖွေနေ

လစ်ဗျားနိုင်ငံ ဒါနီမြို့မှာ မုန်တိုင်း ဝင်ရောက် တိုက်ခတ်ပြီး ရေကြီးရေလျှံမှုကြောင့် ပျောက်ဆုံးနေတဲ့ သူတွေကို ဆွေမျိုးသားချင်းတွေနှင့်  ကယ်ဆယ်ရေးသမားတွေက အပူတပြင်း ရှာဖွေခဲ့ကြပါတယ်။ကမ်းရိုးတန်းမြို့ဖြစ်တာကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရပြီး လူပေါင်း ရာနဲ့ချီသေဆုံးခဲ့ရသလို့ ထောင်နဲ့ချီပြီလည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=367,q=100/10/10e651286027a72115cf74373fdb24f1d1a7450d.jpg

အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိအချိန်ထိ ပျောက်ဆုံးသူ အရေအတွက်မှာ ၁၀,၀၀၀ ရှိတယ်လို့ ဆိုပေမယ့် ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီ OCHA ကတော့ ပျောက်ဆုံးနေတဲ့ အရေအတွက်ဟာ အနည်းဆုံး ၅,၀၀၀ ခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/e9/e9d4139c97975c701084b6e17ea4dd8ab56306e3.jpg
https://s9.kh1.co/__image/w=650,h=488,q=100/0a/0a7ada4bf838f0c6a2c5f8f889d77c4957932af1.jpg

လစ်ဗျားအရှေ့ပိုင်း အုပ်ချုပ်ရေးဆိုင်ရာ အရပ်ဘက်လေကြောင်းဝန်ကြီး Hichem Abu Chkiouat က ယခုအချိန်အထိ သေဆုံးသူ ၅၃၀၀ ကျော်ကို ရှိနေပြီးဖြစ်ကြောင်း ရိုက်တာသတင်းကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အရှေ့ပိုင်း အာဏာပိုင်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ Tariq Kharaz က ရုပ်အလောင်း ၃,၂၀၀ ကို လက်ရှိအချိန်ထိ ဆယ်ယူနိုင်ခဲ့ပြီး အဲ့ဒီအထဲက ၁,၁၀၀ ကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/c2/c2c75d7e916d05b2e240b5e9b782ba06907b568a.jpg

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ခရိုင်အရေအတွက်ပေါ်မူတည်ပြီး မြို့တော်မှာ သေဆုံးသူ အရေအတွက်ဟာာ ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ 

သတင်း အရင်းအမြစ်Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T