Barbie ရုပ်ရှင်အတွက် ဇာတ်ဝင်သီချင်းကို အတူတူဆိုခဲ့ကြတဲ့ Nicki Minaj နဲ့ Ice Spice

//s9.kh1.co/38/3826d495981507085043e8cea423d1a05eec5c61.jpg
သီချင်း အညွှန်း

 ၂၇-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၁၀ လ က

Barbie ရုပ်ရှင်အမှီ နောက်ဆုံး ဇာတ်ဝင်သီချင်းဖြစ်တဲ့ “The Barbie World” သီချင်းရဲ့ MTV လည်း ထွက်လာခဲ့ပါတယ်.......

Barbie ရုပ်ရှင်အမှီ နောက်ဆုံး ဇာတ်ဝင်သီချင်းဖြစ်တဲ့ “The Barbie World” သီချင်းရဲ့ MTV လည်း ထွက်လာခဲ့ပါတယ်။ “The Barbie World” သီချင်းကို Nicki Minaj နဲ့ Ice Spice တို့က အတူတူ တွဲဆိုထားတာဖြစ်ပါတယ်။ သူတိုနှစ်ယောက်က အရင်ကလည်း “In Ha Mood” နဲ့ “Princess Diana” သီချင်းတွေမှာ အတွဲညီညီ သီဆိုဖူးကြပါသေးတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

ဒီသီချင်းထဲမှာတော့ Nicki Minaj နဲ့ Ice Spice တို့က သီချင်းတစ်ပိုဒ်ချင်းစီကို အတွဲညီညီနဲ့သီဆိုထားတာကို တွေ့ရပါတယ်။ Barbie ရုပ်ရှင်ထဲမှာ ပါမယ့် ဆက်တင်တွေအတိုင်းဆောက်ပြီး ဘတ်ဂျတ်တွေအများကြီး သုံးထားတာကိုလည်း တွေ့ရပါတယ်။ Barbie ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးအတွက် Dua Lipa နဲ့ Karol G ကလည်း တစ်ပုဒ်စီ အားဖြည့်ပြီး သီဆိုထားကြပါသေးတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

Margot Robbie နဲ့ Ryan Gosling တို့က အဓိက ဇာတ်ကောင်တွေအနေနဲ့ ပါဝင်ထားတဲ့ Barbie ရုပ်ရှင်က ဂျူလိုင်လ ၂၁ ရက်နေ့မှာ ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 
Naw
Naw

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T