တူညီတဲ့စိတ်ဒဏ်ရာလေးတွေရှိရင်း ချစ်သူတွေ ဖြစ်ခဲ့ကြတယ်ဆိုတဲ့ IU နဲ့ Lee Jong Suk

//s9.kh1.co/c7/c74e278acfe3d3309551a00b934a3aaca0d6ce72.jpg
သီချင်း အညွှန်း

 ၀၄-ပြီ-၂၀၂၃ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

ချစ်စရာစုံတွဲလေး ..

တောင်ကိုရီးယားနာမည်ကြီး အဆိုတော်ဖြစ်တဲ့ IU နဲ့ မင်းသား Lee Jong Suk တို့ဟာဆိုရင် အရမ်းချစ်ကြတဲ့ သမီးရည်းစားစုံတွဲလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို များစွာ လက်ခံရရှိနေထားတဲ့ အတွဲလေးဖြစ်ပါတယ် ။ သူတို့နှစ်ဦးမှာ ထူးထူးခြားခြားဆိုသလို စိတ်ဒဏ်ရာလေးတွေလည်း ရှိနေခဲ့ပါတယ်။

Google
Google

IU က သူမဆီမှာ စိတ်ဒဏ်ရာရှိနေတဲ့ဆိုတဲ့အကြောင်းကို ဧပြီလ ၃ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ IU က သူမရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း Yoo In Na နဲ့ YouTube ပေါ်ကနေ တစ်ဆင့် ရင်းရင်းနှီးနှီး စကားတွေ ပြောခဲ့ပြီး ဖုန်းတစ်ခါပြောရင် အချိန်ဘယ်လောက်ထိ ပြောနိုင်လဲဆိုတဲ့ မေးခွန်းကို ဖြေခဲ့ပါတယ်။ IU က ဖုန်းတစ်ခါပြောရင် အချိန် ၃ မိနစ်ပဲ ပြောနိုင်တယ်လို့ ချက်ချင်းဖြေခဲ့ပြီး ဖုန်းဆက်တာနဲ့ ပက်သက်ပြီး အချိန်အကြာကြီး မပြောနိုင်တဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။ IU က သူမရဲ့ မိခင်ကြီးနဲ့ ဖုန်းပြောရင်တောင် အချိန်အကြာကြီး ဖုန်းမပြောနိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ တစ်ယောက်ယောက်က သူမကို ဖုန်းခေါ်လာရင်လည်း မသက်မသာ ဖြစ်မိတယ်လို့ ဆိုပါတယ်။ IU က သူမရဲ့ မန်နေဂျာနဲ့ ရှိနေတဲ့ အချိန်မှာပဲ စိတ်သက်သာရာရတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

Google
Google

IU ရဲ့ ကောင်လေး Lee Jong Suk ဟာဆိုရင်လည်း စိတ်ဒဏ်ရာ ရှိထားတဲ့ သူဖြစ်ပါတယ်။ Lee Jong Suk က လူကြောက်ပြီး လူတွေ စောင့်ကြည့်တာခံရရင် စိတ်မသက်မသာဖြစ်ပြီး ချွေးတွေ ပြန်လာတယ်လို့ ဆိုပါတယ်။

Google
Google

လူ ၇ ယောက်လောက် ဝိုင်းကြည့်နေရင်ကို ကြောက်သလို ခံစားရတယ်လို့ ဆိုပါတယ်။ စိတ်ဒဏ်ရာလေးတွေ ရှိရင်း ချစ်သူရည်းစားတွေ ဖြစ်လာခဲ့ကြတဲ့ တောင်ကိုရီးယား နာမည်ကျော် စုံတွဲလေး IU နဲ့  Lee Jong Suk တို့ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T