အနုပညာလောက မှာ အရှုပ်အရှင်းတွေ ဂယက်တွေက ဖြေရှင်းလို့ မပြီးသေးဘူး မော်ဒယ်လောကမှာလည်း ဂယက်တွေထွက်ပေါ်လာပါတယ်။ မော်ဒယ်မလေးနန်းသီရိမောင်မောင်ကတော့ Myanmar Idol မှာ ဒါရိုက်တာအဖြစ်ဆောင်ရွက်နေတဲ့ ဒါရိုက်တာ အောင်ဖြိုးဝင်းနှင့် ဖောက်ပြန်တယ်လို့ အစွပ်စွဲခံရပါတယ်။

အိမ်ထောင်ရေး အရှုပ်အရှင်းတွေပြည့်နှံ့နေတဲ့ အနုပညာလောက ကြီးမှာ မော်ဒယ်မလေးနန်းသီရိမောင်မောင်ကတော့ မယားရှိပြီးသားသူနှင့် ဖောက်ပြန်တယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ သူဖောက်ပြန်တဲ့သူကတော့ အနုပညာအသိုင်းအဝိုင်းက ဘဲဖြစ်တဲ့အပြင် သူမရဲ့ တကိုယ်တော်သီချင်းခွေကို ပါဝင်အားဖြည့်ပေးနေတဲ့ ဒါရိုက်တာ အောင်ဖြိုးဝင်းလို့ဆိုပါတယ်။

ဒါရိုက်တာအောင်ဖြိုးဝင်းရဲ့ ဇနီးဖြစ်သူဟုယူဆရတဲ့ မသင်းသန္တာ က 'ပြောတော သူများလင်စိတ်မဝင်သားဘူးလေးဘာလေး ငါ့လင်ကိုလည်းနှိုက်ထားသေးတယ် နန်းသီရိမောင် ... ငါ့ကိုဒီဖုန်းနံပါတ်နဲ့ လာဆက်ပြီးငါမေးတော့ ပြန်မဖြေဘူး .. အခုမှ ဘာကိုစိုးရိမ်နေတာလဲ အော်ဖာမ . စောက်ရှက်မရှိတဲ့ကောင်မ ရေတွင်းပျက်မ. ငါ့ယောကျားကိုနင် မြူစွယ်ထားတဲ့ နှာဘူးစကားတွေငါ တင်ပေးရအုံးမှာလား.. ၄ နှစ် ၅ နှစ် နှာဘူးစကားတွေနဲ့ ပြောပြောပြီး သူများလင်တွေကို မယားငယ်ခံနေပြီးတော့. ငယ်ငယ်လေးကတည်းက လိမ္မာအောင် မိဘတွေကသွန်သင်ဆုံးမထားပါတယ် ဆိုတာ ဒီအလုပ်လုပ်စားဖို့ သွန်သင်ဆုံးမထားတာလား' ဟူ၍သူမရဲ့ လူမှုကွန်ရက်အကောင့်မှာတင်ထားတာကိုတွေ့ရပြီး သက်သေနှင့်တကွ အထောက်အထားတွေကိုပါ ပူးတွဲပြီးဖော်ပြထားတာကိုတွေ့ရပါတယ်။

မသင်းသန္တာကလည်း မော်ဒယ်တစ်ယောကဖြစ်ပြီး အနုပညာလုပ်ငန်းတွေ သိပ်မလုပ်တော့ပေမယ့် ၂၀၁၄၊ ၂၀၁၅ လောက်တုန်းက နာမည်ရခဲ့တဲ့ မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါရိုက်တာ တစ်ယောက်နှင့် မော်ဒယ်နှစ်ယောက် ရှုပ်နေတာဘဲကွယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။