ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ကောလိပ်ကျောင်းသူနှစ်ယောက်ဟာ လမ်းဘေးခွေးတွေ သိမ်းထားတဲ့နေရာကို သွားပြီး အမြဲခေါ်ယူမွေးစားခဲ့ပါတယ်။ ဒီနေရာမှာတော့ သူတို့နှစ်ယောက်ကို တကယ့်သနားမေတ္တာကြင်နာစိတ်ရှိတဲ့သူတွေလို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုပ်ရက်ကို သိသွားရင်တော့ သင်ယုံနိုင်မှာမဟုတ်ပါဘူး။

ပုံထဲမှာပြထားတဲ့ကောင်မလေးနှစ်ယောက်ဟာ လမ်းဘေးခွေးတွေ ထိန်းသိမ်းထားတဲ့ နေရာကိုသွားပြီး ခွေးတွေကို မွေးစားလေ့ရှိပါတယ်။ သို့သော်လည်းသူတို့နှစ်ယောက်ဟာ ထိုခွေးတွေကို အိမ်မှာ မွေးတာမဟုတ်ဘဲ အမျိုးစုံ နှိပ်စက်ဖို့အတွက်ခေါ်သွားတာပါ။ ခွေးတွေ ကြောင်တွေကို နှိပ်စက်တတ်တဲ့သူတွေရှိပေမယ့် လဲ သူတို့နှစ်ယောက်ကတော်တော်ကို ဆိုးယွားပါတယ်။

ပုံမှာပြထားတဲ့ကြောင်လေးဆိုရင် သူတို့နှစ်ယောက် ဓာတ်ပုံရိုက်ပြီးနောက်ပိုင်းမှာ အတွင်းကလီစာတွေကိုအရှင်လက်လက်ခွဲထုတ်ခဲ့တာပါ။ ခွေးတွေဆိုလဲ နံရံမှာ ကြိုးနှင့် လည်ပင်းကို ဆွဲချပြီး နှိပ်စက်တာပါ။ တစ်ချို့ခွေးတွေကို ဆိုရင် လက်တွေခြေထောက်တွေကို နံရံ မှာ သံနှင့်ရိုက်ပြီး ဓားနှင့် အတွင်းကလီစာတွေကိုဆွဲထုတ်တာပါ။

သူတို့နှစ်ယောက်ဟာ ဒီပုံတွေကို ရုရှားလူမှုကွန်ရက်ပေါ်မှာတင်ပြီး နာမည်ကြီးအောင်ပြုလုပ်ကြတာပါ။ တစ်ခါတစ်ရံဆိုရင် သူတို့ သူငယ်ချင်းတွေ followers တွေကို ဘယ်လိုနှိပ်စက်ရမလဲဆိုတာမေးပါသေးတယ်။ ဒီလိုမျိုးလုပ်ရက်ဟာ တကယ့်ကို လူမဆန်တဲ့လုပ်ရက်ပါ။ သူတို့နှစ်ယောက်ဟာ တိုင်တန်းမှုကြောင့် ရဲစခန်းကို ခေါ်သွားခံရသော်လည်း ကောင်မလေးရဲ့ မိဘတွေက ရဲတွေနှင့်သိတဲ့အတွက်ကြောင့် အရေးမယူဘဲ ပြန်လွှတ်ပေးခဲ့ကြပါတယ်။

တိရစ္ဆာန်ချစ်သူ ခွေးချစ်သူတွေအတွက်ဆိုရင် ဒီကိစ္စမျိုးကို မခံမရက်နိုင်အောင် ခံစားကြရပါတယ်။ မြန်မာနိုင်ငံမှာရော သက်ရှိပေမယ့် လူမဟုတ်လို့ဆိုပြီး နှိပ်စက်ခံနေရတဲ့ တိရစ္ဆာန်လေးတွေ ဘယ်နှကောင်အသက်ဆုံးရှုံးပြီးပြီလဲ.....

Source: wittyfeed

translated by Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။