'ဝ' တာကိုဘဲသဘောကျတယ်ဆိုတဲ့ ထက်ထက်မိုးဦး

လက်ထပ်ပြီးနောက်ပိုင်း ထက်ထက်မိုးဦးကို ဝ လာတယ်ဆိုပြီးပြောကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ထက်ထက်မိုးဦး ဝိတ်တော်တော်ကျပြီး ကလေးအမေတစ်ယောက်လို့ မထင်ထားရလောက်အောင်လှပနေတာကိုတွေ့ရမှာပါ။

သူမ က သူမသဘောသာ ဆိုရင်တော့ ဝ တာကိုဘဲ သဘောကျပြီး လူတွေက ဝ လာတယ်ဆိုပြီးပြောကြလို့ ဝိတ်လျော့ခဲ့တာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ သူမ ဘယ်လိုပိန်သွားလဲဆိုတော့ Real gyn မှာ ၃ လလောက်သွားဆော့မယ်ဆိုပြီး လုပ်ထားခဲ့သော်လည်း အရမ်းပင်ပန်းလို တစ်လခွဲသာသွားခဲ့တယ်လို့လဲပြန်လည်ဖြေကြားခဲ့ပါတယ်။

အချိုတွေလည်း မစားရတော့ အရမ်းအားနည်းပြီး မသွားဖြစ်တော့တာလို့ ဆိုခဲ့ပြီး အဲ့ဒီမှာ တစ်လကျော်ဆော့ပြီးနောက်ပိုင်း ကိုယ်ရေ စစ်သွားခဲ့တာပါလို့လဲဆိုခဲ့ပါတယ်။နောက်ပိုင်းကို တနေ့မှ ထမင်း တစ်နပ်ပဲ စားတာကနေ အလေ့အကျင့်ဖြစ်ပြီး ပိန်သွားတာလို့လဲပြောခဲ့ပါတယ်။

သူမတို့ အနုပညာရှင်တွေ အနေနှင့် ပရိသတ်တွေ ကြိုက်တဲ့အတိုင်းလုပ်ရကြောင်း၊ သူများတွေ ပိန်စေချင်တဲ့ အတွက် ဝိတ်ချခဲ့ရပြီး၊ သူများကြိုက်တဲ့ ဆံပင်ပုံစံဘဲထားရကြောင်းပြောခဲ့ပါတယ်။ သူမဟာ အနုပညာလုပ်ငန်းတွေ လုပ်ရတာ အရမ်းကို ဝါသနာပါတဲ့အတွက်ကြောင့် လည်း ယခုလိုမျိုးကြိုးစားတာပါလို့ပြောခဲ့ပါတယ်။

Source: Myanmarcelebrity

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။