မနေ့ က လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတဲ့ ဘုရားပေါ်မှာ ဟိန်းဝေယံ အမည်နှင့် အလံထုတ်လွင့်ထားခြင်းကိစ္စနှင့် ပတ်သက်ပြီး ဟိန်းဝေယံက ယခုလိုပြောကြားခဲ့ပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ် မဟာသုဒဿနတောင်ဆုတောင်းပြည့် ဘုရားမှာ ဟိန်းဝေယံဟု တက်ကာ အလံတွေလွင့်ထူထားတာကိုတွေတဲ့သူတွေဟာ သူတို့ရဲ့ လူမှုစာမျက်နှာပေါ်မှာတင်ခဲ့ပါတယ်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ဂေါပကတွေကို မေးကြည့်တဲ့အခါမှာ တော့ သူတို့ခွင့်ပြုချက်မရဘဲ လုပ်တာဖြစ်ပြီး နောက်ဆို ဒီလိုလုပ်ရပ်မျိုးလက်ခံသွားမှာမဟုတ်ကြောင်းပြောကြားခဲ့သည်။

ဟိန်းဝေယံကလည်း ဒီကိစ္စနှင့် ပတ်သက်ပြီး သူကိုယ်တိုင်လည်း စိတ် အနှောက်အယှက်ဖြစ်မိတယ်လို့ပြောပါတယ်။ ထို့အပြင် အလံမှာ သူ၏ နာမည်ပါနေတဲ့ အတွက်လည်း စိတ်မကောင်းဖြစ်ရသလို တာဝန်ရှိတယ်လို့ ထင်မိကြောင်းလည်းပြောခဲ့ပါတယ်။ စိတ်အနှောက်အယှက်ဖြစ်သွားတဲ့ ဘုရားဖူးတွေကိုလည်းတောင်းပန်ပါတယ်လို့ပြောကြားခဲ့ပါတယ်။

Source: 8days,7days

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။