မြန်မာ့ရုပ်ရှင်လောက ဇာတ်ကားတွေလူကြည့်များဖို့၊ ရုပ်ရှင်လောကတိုးတက်ဖို့အတွက် ရုပ်ရှင်ရုံအရေအတွက်က အရေးပါတယ်လို့ လွင်မိုးကနေ ထောက်ပြဆွေးနွေးခဲ့ပါတယ်။ လောလောဆယ်တော့ မြန်မာတစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံပေါင်း ၄၀ ကျော်လောက်ပဲရှိနေပြီး အဲမှာ ခုံပေါင်း ၈ဝဝဝလောက်ပဲ ရှိတာပါ။ ဒါကြောင့်ရုပ်ရှင်ရုံတွေသာ မြန်မာနိုင်ငံမှာ ပိုပြီးတော့ များပြားလာမယ်ဆိုရင် မြန်မာ့ရုပ်ရှင်လုပ်ငန်းပြန် အခြေအနေကောင်းလာပြီး ယှဉ်ပြိုင်နိုင်မယ့် စျေးကွက်တစ်ခု ဖြစ်လာမယ်လို့ ရုပ်ရှင်သရုပ်ဆောင်လွင်မိုးကနေ ဆွေးနွေးပြောကြားခဲ့ပါတယ်။ 

" မြန်မာ့ရုပ်ရှင်က ရုပ်ရှင်ရုံမရှိလို့ စျေးကွက် ကျဆင်းသွားတယ်ဆိုတာက ဘာနဲ့တူသလဲဆိုတော့ ကုန်ထုတ်ပစ္စည်းရှိရက်နဲ့ စတိုးဆိုင်မရှိတဲ့ ကဏ္ဍတွေလိုပါပဲ။ ဒီလိုပဲ အနုပညာလုပ်ငန်းကလည်း ကျွန်တော်တို့ ရုပ်ရှင်ရုံတွေမရှိ။ ၁၉၇၀ ခုနှစ်က မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံ ၄၀၀ ရှိပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၂၀ ပဲရှိပါတယ်။ အဲဒါကို ကျွန်တော်တို့က တွက်ကြည့်လို့ရှိရင် လူငါးသောင်းကို ရုပ်ရှင်ရုံတစ်ရုံနှုန်းနဲ့ ကျွန်တော်တို့က တွက်ကြည့်လို့ရတယ်။ အခုချိန်မှာ ကျွန်တော်တို့က လူ သန်း ၅၀ ကျော်ရှိတယ်။ ရုပ်ရှင်ရုံပေါင်း ၄၀ အဲတော့ ခုနက Supply နဲ့ demand ကို ပြန်ပြီးစဉ်းစားကြည်မယ်ဆိုရင် လူ သန်း၅၀ အတွက် ရုပ်ရှင်ရုံ ၄၀ က ဘယ်လိုလုပ်ပြီး ရုပ်ရှင်သမားတွေအတွက် လုံလောက်မှာလဲ။ အဖြေက ရှင်းရှင်းလေးပဲ။ လိုအပ်ချက်သည် ရိုးရိုးုရှင်းရှင်းလေး ဖြစ်နေတယ်။ နောက်တစ်ခုက ကျွန်တေ်ာတို့က နည်းပညာပို်င်း ပြောင်းလဲဖို့လိုတယ်။" လို့ သရုပ်ဆောင်လွင်မိုးကနေ သူ့ရဲ့အမြင်ကို ဝေမျှပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ရုပ်ရှင်ရုံအရေအတွက်များလာတဲ့အလျောက် အရည်အသွေးပြည့်မှီတဲ့ မြန်မာဇာတ်ကားတွေ ပိုများများရိုက်ကူးနိုင်လာပါ့မလားဆိုတဲ့ မေးခွန်းကိုတော့..

" ကျွန်တော်က ဒီအပိုင်းတော့ စိတ်မပူဘူး။ စိတ်မပူဘူးဆိုတာက ရုပ်ရှင်မှာ ဇာတ်လမ်းရှားတယ်တို့ ဇာတ်လမး်ရှားတယ်တို့ သရုပ်ဆောင်အရည်အသွေး ညံ့တယ်တို့ ပရိသတ်ကို မဖမ်းစားနိုင်ဘူးလို့ ဆိုတာက ဒါက သူတို့တွေရဲ့ အနုပညာကိုကြည့်တဲ့ ရှုထောင့်တွေမှာ သူတို့ရဲ့ အားနည်းချက်တွေပါပဲ။ တကယ်လို့သာ ကားတစ်ကားကို မကောင်းအောင်ရိုက်လိုက်လို့ ကျွန်တော်တို့ ရုပ်ရှင်ရုံတွေများလာတဲ့ကာလမှာ ဒီလူတစ်ယောက်ရဲ့ ဆက်လက်ပြီးတော့ ရှင်သန်ရမယ့် သူရဲ့လောကကို စိတ်ပူလာရမယ်။ အဲဒါဆိုရင်တော့ အိုက်တင်ပဲဖြစ်ဖြစ် ဇာတ်လမ်းပဲဖြစ်ဖြစ် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ဒါရိုက်တာပိုင်းပဲဖြစြ်ဖစ် သူတို့က ဒီဇာတ်ကားတွေပေါ်မှာ မူတည်ဖြစ်သွားမယ်ဆိုရင် ဘယ်သူမှ ဇာတ်ကားကို ပေါက်ကရ မရိုက်ရဲတော့ဘူး။ ကောင်းအောင် သူတို့ ကြိုးစားလာကြမှာပါ။ " 

ရုပ်ရှင်ရုံတိုးချဲ့ဆောက်လုပ်တဲ့နေရာမှာ ဖွံဖြိုးပြီး မြို့ကြီးတွေသာမက ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားမြို့တွေပါ ရည်ရွယ်ကြောင်းနဲ့ တိုင်းရင်းသားဘာသာနဲ့ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပိုမိုတိုးတက်လာမယ်ဆိုတဲ့အကြောင်းလဲ ယခုလိုဖြေကြားခဲ့ပါတယ်။

" ဒီလိုလေးတွေ ပြန်ပြီး စဉ်းစားလို့ရတယ်ခင်ဗျ။ ကျွန်တော်တို့က တစ်ချို့ ပရိသတ်တွေ မသိသေးတဲ့အပိုင်းတွေ တော်တော်များများ ရှိသေးတယ်။ အဲဒါတွေ ကျွန်တော် ကျယ်ကျယ်ဝင်ဝင့် ပြောချင်တယ်ဆိုရင် ကချင်ပြည်နယ်မှာ ကချင်ဘာသာစကားနဲ့ ရိုက်ကူးတဲ့ ဇာတ်ကားတွေရှိတယ်။ ဒါပေမယ့် သူတို့တွေက အိမ်ကြည့်တဲ့ DVD အဆင့်လောက်နဲ့ပဲ သွားတော့ တကယ်လို့သာ ကျွန်တော်တို့ ရုံရှင်ရုံတွေရှိလာလို့ သူတို့က သာတို့ဘာသာ ဘာသာစကားနဲ့ ရိုက်လာတာကို သူတို့ဘာသာ ပြချင်လာလို့ရှိရင် ကျွန်တော် ဘာပြောချင်လဲဆိုတော့ သူတို့ရဲ့ တိုင်းရင်းသား ဇာတ်ကားတွေလေး တစ်ခန်း ကဏ္ဍတစ်ခုကနေ အောင်မြင်လာပါလိမ့်မယ်။ ရခိုင်မှာလည်း ဒီလိုပဲ။ ရခိုင်လူမျိုးတွေကလည်း သူတို့ဘာသာစကားနဲ့ သူတို့ရိုက်ထားတာရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့က ရုံတွေကို တည်ဆောက်ပေးခြင်းအားဖြင့် ကျွန်တော်တို့ တိုင်းရင်းသားတွေက သူတို့ဘာသာစကားနဲ့ သူတို့ရိုက်တဲ့ ရုပ်ရှင်တွေကလည်း ကျယ်ပြန့်လာနိုင်စရာ ရှိပါတယ်။ ရှမ်းမှာလည်း ရှိပါတယ်။ " 

Source : 7 minutes program

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။