ပရိသတ်တွေရဲ့ ရင်ထဲကမင်းသမီး ထက်ထက်မိုးဦး

မင်းသမီး ထက်ထက်မိုးဦးက လူငယ် လူကြီး ကြိုက် မင်းသမီးတစ်လက်ပါ။ သူ့ခေတ် သူ့ အခါတုန်းကဆိုရင်တော့ သိပ်ကိုအောင်မြင်ကျော်ကြားခဲ့တာပေါ့။ "ရွှေစင်" ရွှေဆိုင်ကြော်ငြာက သိပ်ပေါက်ခဲ့ပြီး ကြော်ငြာတော်တော်များများမှာ နေရာယူထားခဲ့တဲ့ ကြော်ငြာမင်းသမီးလေးပေါ့။ တစ်ချို့တွေကဆို " ထက်ထက်မိုးဦးကြော်ငြာလေးမှ မကြည့်လိုက်ရရင် ထမင်းစားလို့ကိုး မဝင်ဘူး" လို့ပြောတဲ့သူတွေ အထိကိုရှိခဲ့တာပါ။ ဒါကြောင့်လည်း ပြည်သူချစ် ထက်ထက်မိုးဦး တစ်ယောက်ဖြစ်နေခဲ့တာပေါ့။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ထူးကိုယ်ချွန်ပြီး အနုပညာလောကထဲကို ခြေစုံပစ်ဝင်လာတဲ့ ထက်ထက်မိုးဦးဟာ အနုပညာသားတိုင်း တန်ဖိုးထားမြတ်နိုးရတယ် အကယ်ဒမီရွှေစင်ရုပ်ထုကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီး အကယ်ဒမီ ထက်ထက်မိုးဦးဖြစ်လာပါတယ်။ ဒါပေမဲ့လို့ အနုပညာကိုရွေးချယ်ခဲ့တဲ့ ထက်ထက်မိုးဦးဟာ ပညာရေးပိုင်းမှာတော့ အတန်းပညာလောက်ပဲတက်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူချစ်မင်းသမီး ထက်ထက်မိုးဦးဟာ အိမ်ထောင်ရေးကံမကောင်းရှာခဲ့ပါဘူး။ အခုချိန်မှာတော့ သူမဟာ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ချစ်တဲ့ခင်ပွန်း ကိုဇူး(ဇူးမြတ်ထက်) ရယ် ချစ်သမီးလေး စစ်လွန်းဝတီရယ် ချစ်ရတဲ့ ထက်ရယ် သူတို့မိသားစုဓာတ်ပုံလေးတွေကို မကြာမကြာ လူမှုကွန်ယက်ပေါ်မှာ တွေ့ရပါတယ်။ ဒါပေမဲ့………………

ဒါပေမဲ့လို့ အခုတလော သူမတို့ မိသားစုပုံလေးတွေ တင်တဲ့အခါမှာ ထက်ထက်မိုးဦးပုံမပါဘဲ ခင်ပွန်းနဲ့ သမီးလေးပုံတွေကိုသာ တွေ့ရတဲ့အတွက် ထက်ထက်မိုးဦးတို့ အိမ်ထောင်ရေး အဆင်မပြေတော့ဘူးလား ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ ဒါနဲ့ ပတ်သတ်လို့ ထက်ထက်မိုးဦးက " ထက်ထက်ကိုယ်တိုင်က အင်တာနက်မသုံးတတ်လို့ မိသားစုဓာတ်ပုံတွေ မတင်ဖြစ်တာပါ။ နောက်ပြီး password တို့ဘာတို့လည်း ထက်ထက်မသိဘူး။ ကိုဇူးပဲ အကုန်လုပ်ပေးတာလေ။ ထက်တို့ အဆင်ပြေပါတယ်။ တစ်ခုခုအဆင်မပြေရင်လည်း အားလုံးကို ချပြသွားမှာပါ။ ထက်ပုံတွေမတွေ့ရဘူးလို့ စိတ်ပူပေးပြီးပြောလာတဲ့အတွက် အခုပဲ မိသားစုဓာတ်ပုံတွေ တင်ပေးအုန်းမယ်" ရိုးသားပွင့်လင်းစွာ ပြောသွားပါတယ်…………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။